303

198 26 0
                                    

Chapter 303: တွေ့ဆုံမှု

ဇူအန် မေးမော့ ရင်ကော့ထားသည်။ “မင်း ဘယ်သူ့ကို ပြောနေတာလဲ ကြည့်ဦး။ ငါက အမြဲတမ်း ရိုးသားတဲ့ ယောက်ျားကောင်းတစ်ယောက်ပဲ။ ဘယ်တော့မှ မလိမ်မညာဘူး”

“ကောင်းပါပြီ။ ငါ မင်းကို အခုယုံပါပြီ ဟုတ်ပြီလား” မက်မွန်ပွင့် ၄ ၏ စိတ်ထဲတွင် မရေရာမှုများ ပြည့်နှက်နေသည်။ သူ့ကိုယ်သူ ဖော်ပြထားသည်နှင့် လုံးဝ ကွဲပြားနေသူဟု သူ၏ စိတ်အနက်ပိုင်းက ခံစားမိနေသည်။
သို့သော်လည်း သူ့တွင် တကယ်ကို ရွေးချယ်စရာမရှိတော့ပေ။

ဇူအန်က ချီရှို့ ဆီသို့ သွားလိုက်ပြီး ပုခုံးပုတ်လိုက်သည်။ သူ့ကို ငွေစာရွက် တစ်ရွက်ပေးလိုက်သည်။ “ညီအစ်ကို သူများတွေကို အရင်ဆုံး ဧည့်ခံထားပေးပါဦး။ ဒုက္ခပေးရဦးမယ်။ နောက်ခဏနေမှ ပြန်တွေ့ကြတာပေါ့”
အကယ်၍ ရှန်းလျှို့ယီကို ပိုက်ဆံပေးလိုက်ပါက သူမကို လှောင်နေသလိုဖြစ်မည်စိုးသောကြောင့် ချီရှို့ကိုသာ အပ်နိုင်တော့သည်။

ချီရှို့ နှာခေါင်းရှုံ့လိုက်သည်။ “မင်း ပိုက်ဆံကို ဘယ်လိုယူလို့ရမလဲ။ မြန်မြန် ပြန်ယူလိုက်”

ဇူအန် ရယ်လိုက်သည်။ “ချီသခင်လေးမှာ ပိုက်ဆံရှိတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ဒီနေ့ လူတိုင်းကို ဒကာခံသင့်တဲ့သူက တကယ်ကို ငါပဲ ဖြစ်သင့်တာလေ”

“ကောင်းပြီလေ” သို့မှသာ ချီရှို့ စိတ်ချတော့သည်။ “ဒါနဲ့ အားဇူ မင်းအခု ဘယ်ကို သွားမှာလဲ”

“ကိစ္စလေးတွေ တစ်ချို့ အရင်လုပ်စရာ ရှိသေးလို့ပါ” ဇူအန် မပြတ်မသားပြောလိုက်သည်။ ထို့နောက် ရှန်းလျှို့ယီ ဘက်သို့ သွားလိုက်ကာ သူမကိုလည်း အသိပေးလိုက်သည်။
ဇူအန်တွင် လုပ်စရာကိစ္စရှိနေသည်ကို သူမ ကြားရသောအခါ ရှန်းလျှို့ယီ တစ်နည်းတစ်ဖုံ အံသြသွားသည်။ ထို့ကြောင့် သူ့ကို အသေးစိတ်မပြောပြဘဲ သွားခွင့်မပေးခဲ့ပေ။

ချီရှို့ က ရှန်းလျှို့ယီ ဆီသို့ စိတ်အားထက်သန်စွာ ရောက်လာသည်။ “ဆရာမရှန်း အစားအသောက်တွေ အတော်လေး ကောင်းတဲ့ စားသောက်ဆိုင် အသစ်တစ်ချို့ကို ကျွန်တော် ရှာတွေ့ထားတယ်။ ဒီလမ်းပဲ” ပြုံးဖြီးသော မျက်နှာဖြင့် ပြောလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now