255

278 38 1
                                    

Chapter 255: အစစ်နဲ့အတု

ဇူအန် ရင်ထဲဆို့နင့်သွားသည်။ ငါ ဒီမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့နေတဲ့အချိန် တကယ်ကြီး ဓားမြ တိုက်ခံရမှာလား။ ဒါက ဘယ်လိုကံဆိုးမှုမျိုးလဲ။

ထိုသို့ဖြစ်နေလျှက်နှင့် သူ အရမ်းကြီးမစိုးရိမ်ပါ။ မြေအောက်နန်းဆောင်သို့ သွားခဲ့သည့် ခရီးက သူ့ကျင့်ကြံခြင်းကို အကြီးအကျယ် မြင့်တက်သွားစေခဲ့သည်။ မတရားအင်အားကြီးလွန်းသည့် ရန်သူကို ရင်မဆိုင်ရသရွေ့ သာမာန်လူသားနှင့် ရင်ဆိုင်ရာ၌ ဘာပြဿနာမှ ရှိမှာ မဟုတ်ချေ။

သူ ရှို့ဟုန်လေအား နှစ်သိမ့်တော့မယ့်ဆဲဆဲတွင် မွှေးပျံ့ချိုအီသော ရနံ့က သူ့နှာခေါင်းထဲ သင်းပျံ့လာသည်။ သူမသည် သူ့ဘေးတွင် ရောက်နေခဲ့ပြီဖြစ်သည်။

“သခင်လေး ကြောက်ဖို့ မလိုပါဘူး။ ကျွန်မ သခင်လေးကို ကာကွယ်ပေးပါ့မယ်” ရှို့ဟုန်လေ သူ့ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော အမူအရာသည် လုံးဝပျောက်ကွယ်သွားသည်။ ထို့အစား သူမအမူအရာသည် ခိုင်မာပြတ်သားလွန်းသည်။

ဇူအန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ငါတို့တွေ ပြောရမယ့်ဇာတ်ညွှန်း ပြောင်းသွားတာလား။

ခန်းဆီးလိုက်ကာများသည် အကြမ်းပတမ်း ဆွဲဖြဲခံရပြီး မျက်နှာဖုံးစွပ် ယောကျာ်းအများအပြား ဝင်လာကြသည်။
ရှို့ဟုန်လေ ၏ ကြော့ရှင်းလှပသော ပုံပန်းသဏ္ဍာန်ကို တွေ့ကြသည့်အခါ သူတို့အားလုံး လေချွန်ကြပြီး သူတို့မျက်လုံးများသည် စွဲလမ်းမှုများနှင့် ရီဝေဝေဖြစ်နေသည်။

ရှို့ဟုန်လေ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “မင်းတို့က ဘယ်သူတွေလဲ။ လပြည့်မြို့မှာ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရဲကြတာလဲ။ အင်မော်တယ်ဗိမ္မာန် က မင်းတို့ရန်ပြုလို့ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ မင်းတို့ အခု ထွက်သွားကြမယ်ဆိုရင် ဘာမှမဖြစ်သလိုမျိုး ငါ ဟန်ဆောင်ပေးနိုင်တယ်”

ဇူအန် သူမကို အနည်းငယ်လေးစားမိသွားသည်။ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင် သူမက လုံးဝတည်ငြိမ်နေနိုင်သေးသည်။
သူ့ရဲ့ ဟန်ပန်အနေအထားက အခြားသာမန်အလှလေးတွေထက် တကယ်ကွဲပြားတာပဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now