338

165 19 0
                                    

Chapter 338: သတင်းဆိုး

နှာဗူးကြီး၏ လူသတ်ချင်စိတ်ကို အာရုံခံလိုက်ရသဖြင့် ဇူအန် အထိတ်တလန့် ထခုန်မိလိုက်သည်။ လက်ကို အမြန်ရမ်းကာ ပြောလိုက်သည်။ “ဘာမှမလုပ်ခဲ့ဘူး။ တကယ်ကို ဘာမှမလုပ်ခဲ့ပါဘူး”
သေစမ်း။ သူ့သမီးက ရဲ့ အဝတ်မပါတဲ့ပုံစံ ကို မြင်ခဲ့တာနဲ့ လက်နဲ့တောင် ကိုင်မိသွားတာကိုသာ သိသွားရင် ငါတော့ ဆယ်ခါပြန်သေပြီ။

“ဒါဆိုရင် ရှောင်ချီက မင်းကိုတွေ့တာနဲ့ ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ” ကျီတန်ထု လှောင်လိုက်သည်။

ဇူအန်၏ စိတ်မှာ အလင်း၏ အလျှင်ဖြင့် အလုပ်လုပ်နေသည်။ “ကျုပ်က အရမ်းဆွဲဆောင်မှုရှိနေလို့ နေမှာပေါ့။ သူတို့ ကြိတ်ချစ်နေတဲ့သူတွေ အရှေ့ရောက်ရင် ရှက်သလိုလို လုပ်တတ်ကြတာက မိန်းကလေးအတွက် သာမာန်ပဲမဟုတ်လား”

ကျီတန်ထု၏ စိတ်ထဲတွင် အမျက်ဒေါသလှိုင်းတစ်ခု လိမ့်တက်လာသည်။ “ငါ့ သမီး က မင်းလိုကောင်မျိုးကို တကယ်ကြိုက်နေတယ်လို့ ပြောချင်တာလား”

သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၄၄၄ ရရှိလိုက်သည်။

ဇူအန်က သူ၏ ဆင်ခြေကို ချက်ချင်း ပြောင်းလဲလိုက်သည်။ “အဲ့ဒီလို ပြောချင်တာမဟုတ်ပါဘူး။ ရှောင်ချီ က တကယ့်တကယ်ကို ကြင်နာသိမ်မွေ့တဲ့ မိန်းကလေးပဲ။ သူက အနူးညံ့ဆုံး အကျင့်ကို ပိုင်ဆိုင်ထားတယ်လေ။ တစ်ခါတစ်ရံ ရုပ်ချောတဲ့လူတွေနဲ့ တွေ့ရင် သူ နည်းနည်းလေး ရှက်ကိုးရှက်ကန်း ဖြစ်တာက ပုံမှန်ပါပဲ”

“မင်းကလား…ဟမ့်…”
သို့မှသာ ကျီတန်ထု၏ ဒေါသမှာ အနည်းငယ် လျော့ကျသွားသည်။ သို့သော်လည်း သံသယအမျှင်တစ်စ ကျန်ရစ်နေခဲ့သေးသည်။ “ငါမှတ်မိတာ မှန်မယ်ဆိုရင် မင်းတို့နှစ်ယောက်က အရင်က ဆက်ဆံရေးကောင်းကြပါတယ်”

“အကြီးအကဲသိထားရမှာက မိန်းမပျိုလေးတွေရဲ့ အတွေးက အမြဲပြောင်းလဲနေတယ်ဆိုတာပဲ။ တစ်ခါတစ်လေကျရင် သူတို့ဘာတွေးနေသလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြဘူး” ဇူအန် ပြောလိုက်သည်။

မကြာခင်က သူ၏ သမီးဖြစ်သူ ထူးထူးဆန်းဆန်း ပြုမူနေသည်မှာ အမှန်ဖြစ်သည်။ သူ မည်မျှ မေးပါစေ သူမ က သူ့ကို မပြောပြခဲ့ပေ။ ထို့အပြင် တစ်ခါတစ်ရံ သူမက သူ့ကို အော်တောင်ပြောမိသေးသည်။ ဇူအန်ပြောတာ နားလည်သဖြင့် ကျီတန်ထု ခေါင်းငြိမ့်လိုက်သည်။ “မင်းပြောတာက ဖြစ်နိုင်သလိုလိုပဲ”
သို့သော်လည်း အခြားအရာတစ်ခုက သူ၏ စိတ်ထဲသို့ ချက်ချင်းရောက်လာသည်။ “ဟ ရှောင်ချီ နဲ့ ကိစ္စကို အခုတော့ ငါ လွှတ်ပေးလိုက်မယ်။ ငါသိချင်နေတာက...အရင်တစ်ခေါက်က ငါ့ကို ဘယ်လို အမှိုက်စုတ်မျိုးပေးလိုက်တာလဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now