277

219 26 0
                                    

Chapter 277: မင်းတာ၀န်ယူမလား

ဟင်…
၎င်းသည် မိန်းကလေးတစ်ယောက်၏ အာမေဋိတ် သံ ဖြစ်ကြောင်း ထင်ရှားနေသည့်အပြင် ကြားရ နားဝင်ချိုနေသေးသည်။ ထို့အပြင် ၎င်းကို ရင်းနှီးနေဟန်ရှိသည်။
သူမ နှင့် ပက်ပင်း ဝင်မတိုးခဲ့သော်လည်း သူ၏ လုပ်ရပ်က သူမကို သွယ်ဝိုက်သောနည်းဖြင့် ထိတ်လန့်စေခဲ့သည်။ မတူညီသော ကမ္ဘာတစ်ခုမှ လာခဲ့သူဖြစ်သောကြောင့် ဤကိစ္စကို လျစ်လျူရှု့မထားနိုင်ပေ။
မြင်းပေါ်မှ အမြန်ဆင်းကာ မေးလိုက်သည်။ “ မိန်းကလေး အဆင်ပြေရဲ့လား”

ဝေါယာဉ်မှာ လေးလံသော်လည်း သူ၏ ကျင့်ကြံမှုကြောင့် မတင်ရန် အခက်အခဲမရှိပေ။ ကံမကောင်းသည်မှာ သူ၏ ရည်ရွယ်ချက်က အခြေအနေကို ပိုဆိုးရွားစေခဲ့သည်။ ဝေါယာဉ်၏ တစ်ဖက်ခြမ်းတွင် လေးလံသော အရာတစ်ခု ရှိနေဟန်တူကာ သူ၏ ရုတ်တရက် ဆွဲမလိုက်ခြင်းက ဝေါ်ယာဉ်ကို ဟန်ချက်ပျက်စေခဲ့ပြီး အရှေ့နှင့်အနောက် ယိမ်းယိုင်သွားစေခဲ့သည်။

“အား”
အထဲရှိလူမှာ ခက်ခဲသောအချိန်တစ်ခု ခံစားနေရသည်မှာ သေချာနေသည်။ သူမ ဝေါယာဉ်ကို ကုပ်တွယ်ထားရန် ကြိုးစားလိုက်သည်။ ကံမကောင်းသည်မှာ သူမ၏ ဟန်ချက်ကို မထိန်းနိုင်ဘဲ ထွက်ကျလာခဲ့ရသည်။

“သတိထား” ဇူအန်က လက်တစ်ဖက်ဖြင့် အလျှင်အမြန် သူမကို ဖမ်းလိုက်သည်။
နူးညံ့အိထွေးသော ခန္ဓာကိုယ်တစ်ခုသူ၏ လက်ပေါ်သို့ သက်ဆင်းလာသည်။ ဇူအန် ကြောင်သွားသည်။

ချစ်စရာကောင်းသော်လည်း စိတ်မကျေမနပ်ဖြစ်နေသည့် မျက်နှာတစ်ခု၏ ရန်စောင်ကြည့်ခြင်းကို ခံလိုက်ရသည်။ သူမ၏ ကျက်သရေရှိသော မျက်ခုံး၊ နှာတံတို့က သူမကို တော်၀င်နန်းတော်မှ မြင့်မြတ်သော အမျိုးသမီးတစ်ဦးနှင့်တူသည်ဟု ထင်ရစေသည်။

“မိန်းကလေးကျန်း ဒီမှာ ဘာလုပ်နေတာလဲ”
ထိုမိန်းမ၏ အသွင်အပြင်ကို မှားစရာအကြောင်းမရှိပေ။ သူမ မှာ ကျန်းတန်မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
တော်သေးတာပေါ့။ ငါ သိတဲ့ သူမို့လို့။ မဟုတ်ရင် ပြဿနာအကြီးကြီးတက်တော့မယ်။ ဒီကမ္ဘာမှာ ကားတိုက်ခံရသလိုမျိုး ရိုက်စားလုပ်တဲ့ အဖြစ်မျိုးရော ရှိလားမသိဘူး။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now