378

144 20 0
                                    

Chapter 378: လက်ချောင်းတစ်ချောင်း

ဇူအန် အလိုအလျောက် တုန့်ပြန်လိုက်သည်။ သို့သော် ထူးဆန်းသော အင်အားတစ်ခုက သူ၏ပခုံးတစ်လျှောက် စီးဆင်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည်။ အားတစ်စက်မှ မသုံးနိုင်တော့ပေ။
ဇူအန် ကြောက်လန့်သွားသည်။ ဒီလူက အနောက်ကနေ တိတ်တိတ်လေး တိုက်ပြီးတော့ ချက်ချင်း ဖမ်းချုပ်နိုင်တယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ငါ့ထက်မြင့်တယ်။

“နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ အားဇူ “ လောင်မိုင် ၏အသံ အနောက်မှထွက်လာသည်။

ဇူအန် စိတ်သက်သာရာရသွားသည်။ “အကြီးအကဲကိုး…လန့်သွားတာပဲ”

လောင်မိုင် က ပုခုံးကို လွှတ်ပေးလိုက်သည်။ ချောင်းနှစ်ချက်ဟန့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့ မင်းတစ်ယောက်တည်း လဲ။ ချူသခင်မရော ဘယ်မှာလဲ။ သူ့ရဲ့ ဒဏ်ရာတွေရော ဘယ်လိုလဲ”

ဇူအန် ချက်ချင်း ဖြေလိုက်သည်။ “စီနီယာက တကယ်ကို အကုန်သိတဲ့ သူတော်စင်ပဲ။ ချူသခင်မ အပြင်းအထန်ဒဏ်ရာရသွားတာတောင် သိနေတယ်”

လောင်မိုင် နှာခေါင်းရှုံ့လိုက်သည်။ “အဲ့ဒီနေရာမှာ ငါရှိခဲ့တယ်လေ။ မဟုတ်ရင် မင်းတို့ ဘယ်လိုထွက်ပြေးနိုင်မှာလဲ”

သူတို့ကို လွတ်မြောက်စေခဲ့သည့် လဲကျလာသော သစ်ပင်ကြီးကို သတိရလိုက်သည်။ “အကြီးအကဲကို ကျေးဇူးတင်ပါတယ်” လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“မင်း ငါ့အမေးကို ပြန်မဖြေသေးဘူး” လောင်မိုင်၏ မျက်လုံးများ အရောင်တောက်နေသည်။ တစ်စုံတစ်ရာကို စဉ်းစားနေသည်မှာ ရှင်းနေသည်။

ဇူအန် ပြန်ဖြေရခက်နေသည်။ သို့သော်လည်း အတွေးတစ်ချို့ ရသွားသည်။ လောင်မိုင်က ချင်ဝမ်ယွီကို ဘာမှမဖြစ်စေချင်ပုံရသည်။ အထူးသဖြင့် သူတို့ ထွက်ပြေးနိုင်အောင် ကယ်ခဲ့သောကြောင့်ဖြစ်သည်။ ဇူအန် ဖြေလိုက်သည်။ “အဲ့ဒါက ကြောက်စရာတော့ကောင်းခဲ့တယ်။ ဒါပေမယ့် တကယ့်အန္တရာယ်ကြီးတော့ မရှိတော့ပါဘူး။ ချူသခင်မက အသက်အန္တရာယ်ကနေ လွတ်သွားပါပြီ။ ဒါပေမယ့် အပြည့်အဝတော့ ပြန်မကောင်းသေးဘူး။ ဒါကြောင့် အတူတူပြန်မလာတာပဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now