351

141 23 0
                                    

Chapter 351: ဂူထဲမှာ ကျားကို မျှားခေါ်ခြင်း

“ကျုပ်ကိုလား” ဇူအန် အံသြသွားသည်။ ချင်ဝမ်ယွီမှာ သူ့ကို ဘယ်တုန်းကမှ ကြည့်မရခဲ့ပေ။ သို့သော် ယခုအခါတွင် သူမနှင့်အဖော်လိုက်စေချင်နေသည်။

ချင်ဝမ်ယွီ မျက်လုံးလှန်လိုက်သည်။ “နင်က ဝေကလန်နဲ့ ရင်းနှီးတာပဲ။ ပြီးတော့ ဒါကို သတင်းလာပို့တာလည်း နင်ပဲလေ။ ဒါကြောင့် နင့်ကို မခေါ်သွားရင် ဘယ်သူ့ကိုခေါ်သွားရမှာလဲ”

ချူဟွမ်ကျောက် က သူတို့နှစ်ဦး အပြင်သွားမည်ဟု ကြားသောအခါ အမြန်ပြေးလာသည်။ သူမလည်း အတူလိုက်ခဲ့မည်ဟု ကျယ်လောင်စွာ အော်ဟစ်လာနေသည်။

ချင်ဝမ်ယွီ က သူ့သမီးအငယ်မကို ချက်ချင်းငြင်းလိုက်သည်။ “ငါတို့တွေက တရားဝင်ကိစ္စတစ်ခုအတွက်အပြင်သွားကြမလို့။ သမီး အိမ်မှာ နေခဲ့ရမယ်”

ချူဟွမ်ကျောက် က ဇူအန်ကို လက်ညိုးထိုးလိုက်သည်။ “ခဲအိုတောင် အပြင်ထွက်လို့ရတာပဲကို ဘာဖြစ်လို့ သမီးကျတော့မရတာလဲ” မရွှင်မပျဖြစ်ကာ ပြောလိုက်သည်။

ဇူအန် တခဏတွေဝေသွားသည်။
ဘာလို့ ငါတောင် သွားလို့ရတယ်လို့ ပြောတာလဲ။ ငါက မင်းမျက်လုံးထဲမှာ အရမ်းနိမ့်ကျနေလို့လား။
ဒီကောင်မလေးကို မတွေ့ရတာ ရက်နည်းနည်းပဲရှိသေးတယ်။ သူမက ကောင်းကောင်း ဆုံးမခံချင်နေပြီနဲ့တူတယ်။

ချင်ဝမ်ယွီ က သူမ၏ သမီးကို ခပ်တင်းတင်းကြည့်လိုက်သညိ။ “လိမ္မာစမ်း”
သူမ၏ စကားတွင် နှစ်ကာလများစွာ စုပုံနေသောစွမ်းအားများအားလုံး ပါဝင်နေသည်။ ချူဟွမ်ကျောက် က လျှာထုတ်ပြကာ မှုန်ကုတ်ကုတ် ထွက်ခွာသွားသည်။

သူတို့နှစ်ဦးမှာ ဝေကလန်သို့ ရောက်သွားကြသည်။ ချင်ဝမ်ယွီ ၏ ရောက်ရှိကြောင်း သတင်းရသောအခါ ဝေကလန်ခေါင်းဆောင် ကိုယ်တိုင် သူတို့ကို ထွက်ကြိုဆိုလိုက်သည်။
တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကားဆိုပြီးနောက် အသေးစိတ်ကို ဆွေးနွေးရန် စာကြည့်ခန်းသို့ ဦးတည်သွားကြသည်။

တခဏအကြာတွင် ဝေဟုန်ဒီ က ဇူအန်ကို ပတ်ဝန်းကျင် ကိုလိုက်ပြပေးနေသည်။
ဇူအန်က လည်ပတ်ချင်စိတ်မရှိပေ။ သူ အနည်းငယ် ပင်ပန်းနေသည်ဟု ပြောကာ ခဏအနားယူနိုင်မည့် အခန်းတစ်ခု တောင်းဆိုလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now