214

293 40 0
                                    

Chapter 214: အဆိပ်ထုတ်ဖို့လား။ ငါ့တာဝန်ထားလိုက်

ဇူအန် ငေးနေမိသည်။ သူမက လှလွန်း၍ ဇူအန် အကြည့်လွှဲရန်ပင် မေ့သွားသည်။

ရှောင်းရွှယ်ယင် လက်ကိုဆန့်ထုတ်ကာ တစ်ဖက်ကို ရင်ဘတ်ကိုကာ၍ တစ်ဖက်ကို ၀မ်းဗိုက်အောက်သို့ ကာလိုက်သည်။ သို့သော် သူမလက်သေးသေးလေးက ဘယ်လောက်များ ကာနိုင်မှာမို့လဲ။

"အ..အဝတ်"
ဇူအန် မလှုပ်မယှက်ဖြစ်နေသောကြောင့် ရှောင်းရွှယ်ယင် ခေါင်းမော့ကြည့်ရာ ဇူအန်အကြည့်ကို တွေ့သွားသည်။ ဒါက သူမကို ပိုပြီးပင် အရှက်ရစေသည်။

ထိုအခါမှ ဇူအန် သတိပြန်လည်လာပြီး အဝတ်များယူကာ ဖုံးပေးလိုက်သည်။

အရှက်ပြေစေရန် ဇူအန် တမင်ပြောလိုက်သေးသည်။
"မင်းဘယ်လိုနေသေးလဲ ။ မင်းခုနကမှ အကောင်းကြီးရှိသေး။ အခုကျ ရုတ်တရက် အရမ်းအားပျော့သွားသလိုပဲ"

ရှောင်းရွှယ်ယင် မျက်စောင်းထိုးကာ ပြန်ဖြေလိုက်သည်။
"ငါက အဆိပ်ငွေ့မိသွားတာ"

"အဆိပ်ငွေ့လား မင်းအဆင်ပြေရဲ့လား။ မင်းကို ကုဖို့ ငါ လူသွားရှာပေးမယ်" ဇူအန် လန့်သွားသည်။ သူ့ ကမ္ဘာဦးမူလကျင့်စဉ်က အဆင့် ၂သာ ရှိသေးသောကြောင့် သူများကို မကုပေးနိုင်ချေ။ ရှောင်းရွှယ်ယင်သာ ရှားပါးတဲ့အဆိပ်တစ်ခုခု မိသွားပါက ဇူအန် အကြပ်ရိုက်သွားပေလိမ့်မည်။

"အဲ့ဒါ မလိုပါဘူး" ရှောင်းရွှယ်ယင် ဇူအန် အင်္ကျီစကို ကိုင်ကာ ပြောလိုက်သည်။
"အဲ့ဒီအဆိပ်က မသေနိုင်ဘူး။ ဒါပေမဲ့ မြွေတွေမှာ ရမ္မက်ကြီးတဲ့ဗီဇရှိတော့ အဆိပ်ထဲမှာ ကာမအားတိုးစေတဲ့ အစွမ်းတွေ ပါနေတာ..."
ထိုစကားများပြောပြီး ခေါင်းငုံ့လိုက်သည်။ သူ့မျက်နှာက သွေးထွက်မတတ် နီရဲနေသည်။

"ဒါက..." ဇူအန်လည်း အန်းသွားသည်။ သူဒီလို ဖြစ်ရပ်မျိုး ကြုံလိမ့်မယ်လို့ ဇူအန် မထင်ထားပေ။ ထို့ကြောင့် ချောင်းတစ်ချက် ဟန့်ကာ ပြန်ဖြေသည်။
"အစွမ်းပြယ်တာနဲ့ ကောင်းသွားမှာပါ"

အဆိပ်မိတဲ့ ဇာတ်ကောင်တွေ ဘာလို့ အတူနေလိုက်မှ ဆေးစွမ်းပြယ်တာလဲ ဇူအန် နားမလည်ခဲ့ပေ။ အချိန်တစ်ခု စောင့်ပြီး ဆေးစွမ်းပြယ်တဲ့အထိ စောင့်ရင် မကောင်းသွားနိုင်ဘူးလား။ လူ့ခန္ဓာကိုယ်က အဆိပ်အတောက်ဖယ်တဲ့နေရာမှာ အတော်လေး ကောင်းပြီးသားကို။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now