332

172 23 0
                                    

Chapter 332: လွတ်မြောက်ရန်မဖြစ်နိုင်

ဖေးမြန့်မုန်က ဖြတ်ထိုးဉာဏ်ကောင်းလွန်းပြီး ဇူအန်လိုစရိုက်ရှိသူက အရက်မူးနေသောသူငယ်ချင်းကို အိမ်ပြန်ပို့ကာ ညအိပ်ခြင်းကို ယုံကြည်မည်မဟုတ်ပေ။

ဇူအန်မျက်နှာ တောင့်သွားပြီး ဝန်ခံလိုက်သည်။
"ငါလည်း ပစ္စည်းတစ်ခု ရှာနေတာ"

ဖေးမြန့်မုန် ဆက်မေးသည်။
"ဘာရှာနေတာလဲ"

ဇူအန် အဝတ်အစားဝတ်ကာ ခေါင်းယမ်းပြလိုက်သည်။
"မင်းကိုပြောပြလို့မရဘူး။ တစ်ခြားအရာတွေ ပါနေသေးတယ်"

ဖေးမြန့်မုန် လှောင်လိုက်သည်။
"ကျွန်မမှာလည်း ရှင့်ကို မပြောပြတဲ့ အကြောင်းပြချက်ရှိတယ်"

ဇူအန်ရယ်လိုက်သည်။
"ဒါဆိုလည်း စိတ်မချမ်းသာစရာ အကြောင်းတွေ မပြောဘဲ ပျော်စရာလေးတွေ ပြောရအောင် ။ ဥပမာဆိုရင် ဘာလို့ မင်းအဝတ်တွေ မချွတ်သေးတာလဲ.."

ဖေးမြန့်မုန် လန့်သွားကာ နောက်ကို ခြေလှမ်းတစ်ချို့ ဆုတ်လိုက်သည်။
"ရှင်ဘာလုပ်ဖို့ ကြံနေတာလဲ"

ဇူအန် ပြောလိုက်သည်။
"အထင်မလွဲပါနဲ့ ငါပြောချင်တာ အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံးက စိုရွှဲနေပြီး ဒဏ်ရာလည်း ရထားသေးတယ်လေ။ ဒီအဝတ်တွေ ဆက်ဝတ်ထားရင် မင်း ဖျားလိမ့်မယ်"

"အဲ့တာက လုပ်ရတာ လွယ်ပါတယ်" ဖေးမြန့်မုန် သူ့မီးတောက်ဒြပ်စင်ကို ဆင့်ခေါ်ကာ အဝတ်မှ ရေငွေ့များခြောက်စေရန် ပြင်လိုက်သည်။ ကံကောင်းစွာ ဒြပ်စင်စွမ်းရည်သုံးခြင်းက ဝေအိမ်အစောင့်များကို သတိထားမိစေနိုင်ကြောင်း သတိရလိုက်သည်။
ထို့အပြင် သူမဒဏ်ရာက ပြင်းထန်လွန်း၍ အဝတ်ခြောက်စေရန် မီးတောက်ဆင့်ခေါ်ခြင်းကပင် မဖြစ်နိုင်ပေ။

"မင်း ခုနက တည့်တည့်ကြီး ခံလိုက်ရတာ။ လွတ်ဖို့က မဖြစ်နိုင်ဘူး။ မင်းဒီမှာနေပြီး ပြန်ကောင်းအောင် အနားယူသင့်တယ် ထင်တာပဲ" ဇူအန် စောင်တစ်ခြမ်းကို ဖြန့်လိုက်ပြီး
"မင်းအဝတ်တွေအားလုံး ချွတ်ပြီးတာနဲ့ ခုတင်ပေါ်ကို ပြေးဝင်လိုက်။ ငါ ချောင်းမကြည့်ပါဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now