289

225 29 0
                                    

Chapter 289: ချင်၀မ်ယွီ၏ဝေဒနာ

သူမ၏ မိခင် ဖိုးသိုးဖတ်သပ်ဖြစ်နေသည်ကို ချူချူယန် သတိမထားမိသေးပေ။ သူမ ထိပ်ထိပ်ပျာပျာ ရှင်းပြလိုက်သည်။
"အမေ သူက သမီးကို တကယ်ပဲ ကုသပေးနေတာ... ဒီနည်းလမ်းက နည်းနည်း ရူးကြောင်ကြောင်ဖြစ်ပေမယ့် အဲ့ဒါက တကယ်ပဲ သမီးကို ကုပေးနေတာ..."
စကားပြောနေရင်း သူမ၏ လည်ပင်းမှာ နီရဲနေသည်။ တကယ်တွင်လည်း သူမသည် ငယ်စဉ်ကတည်းက မိဘများကို စိုးရိမ်ပူပန်မှု တစ်ခါမှ မပေးဖူးသည့် သမီးလိမ္မာလေးတစ်ယောက်ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ မွေးသမိခင်ကို ဤလောက် ရှက်ဖွယ်မြင်ကွင်းအား မြင်တွေ့စေမိသည့်အပြင် ပြန်ရှင်းပြနေရသည်။ ရှက်ဖွယ်လိလိပင်။
"ဒါတွေအားလုံး သူ့ကြောင့်ပဲ" ဇူအန်ကို အမုန်းအပြည့်ပါသော အကြည့်တစ်ချက် ကြည့်လိုက်သည်။

အလွန်မတရားသလို ဇူအန် ခံစားလိုက်ရသည်။ ဘယ်လိုလုပ် ငါ့ အမှားဖြစ်မှာလဲ။ မင်းရဲ့ အမေ က ဒီလိုရုတ်တရက်ကြီး အတင်းဝင်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ချင်ဝမ်ယွီ က သူမ၏ သမီးကို သေချာဂရုစိုက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ "သမီးလေး ရဲ့ အခြေအနေ တိုးတက်လာပြီလား"

ချူချူယန် နှုတ်ခမ်းကို ဖိကိုက်ထားကာ တိတ်တိတ်လေး ပြောလိုက်သည်။ "သမီး အပြည့်အဝတော့ မကောင်းသေးဘူး။ ဒါပေမယ့် အရင်ထက်စာရင် ပိုနေလို့ကောင်းသွားပြီ"

"ဒီလို အရာမျိုးက တကယ်ပဲ ကုသခြင်း အကျိုးဆက်တွေ ပေးနိုင်လို့လား" ချင်ဝမ်ယွီ ငူငူငိုင်ငိုင်ဖြစ်နေသေးသည်။ သူမတွင် ကျယ်ပြန့်သော အသိဉာဏ် ဗဟုသုတ နှင့် အတွေ့အကြုံရှိသည်။ သို့သော်လည်း ဤသို့သောအရာကို သူမ ပထမဦးဆုံး ကြားဖူးခြင်းဖြစ်သည်။

"သူက တခြားယောက်ျားတွေနဲ့ ကွဲပြားနေတာဖြစ်မယ်.." ချူချူယန် တိုးတိုးလေး ရှင်းပြလိုက်သည်။ ကျင့်ကြံမှုအရာတွင် လူတော်တစ်ယောက်ဖြစ်သောကြောင့် တဖက်လူ၏ ကီ က သူမ၏ ကိုယ်ပိုင်ကီ ကဲ့သို့ သူမ၏ သွေးကြောများကို ပြုပြင်ပေးနေသည်ကို သူမ သေချာ အာရုံခံမိနေသည်။
သို့သော်လည်း ဖိုမကိစ္စတွင် သူမသည် လုံးဝ အစိမ်းသက်သက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ အမှန်ဟုတ်မဟုတ်ကို အတည်ပြုရန် နည်းလမ်းမရှိပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now