362

159 18 0
                                    

Chapter 362: မမျှော်လင့်ထားသော

ချင်ဝမ်ယွီက သူ့ကို စိုက်သာကြည့်နေလိုက်သည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။

ဒီကမ္ဘာမှာ ဒီလောက် စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ သူ ဘယ်လို ရှိနေရတာလဲ။
သူမက ဇူအန်၏ မျက်ခွက်ကို မြေပြင်နှင့် မိတ်ဆက်ပေးချင်နေမိသည်။
ခပ်ကျယ်ကျယ် နှာမှုတ်ကာ သူမ လှည့်ထွက်သွားသည်။ ဇူအန် ထံမှ အခြားစကားလုံးတစ်ခု ထွက်လာပါက သူမကိုယ်သူမ ထိန်းနိုင် မထိန်းနိုင်ကို သံသယရှိနေသည်။

ထိုစိတ်ညစ်စရာကောင်းသော သူ ကို မျက်ခြေဖျက်ရန် တမင်တကာ အမြန်လျှောက်လိုက်သည်။ သို့သော် သူမ လှည့်ကြည့်သောအခါတိုင်းတွင် သူမ၏ အနောက်တွင် အပူအပင်ကင်းသော အမူအရာဖြင့် ကပ်ပါလာသည်ကို မြင်ရသည်။
ဒီကလေးရဲ့  ကျင့်ကြံမှုအဆင့်က ဘာမှမထူးခြားပေမယ့် သူက တကယ်ကို မြန်မြန် လှုပ်ရှားနိုင်တာပဲ။ ချင်ဝမ်ယွီ အနည်းငယ် အံသြသွားသည်။ ထို့နောက် ချူချူယန် မသွားခင် ပြောခဲ့သောစကားများကို ရုတ်တရက် သတိရလိုက်သည်။ သူမ၏ သမီးဖြစ်သူ၏ လူအပေါ် အကဲဖြတ်မှုမှာ သူမထက် ပိုသာနေသည်ကို သူမ ဝန်ခံရပေမည်။

သူတို့နှစ်ဦးလုံး ချူအိမ်တော် သို့ လျှင်မြန်စွာ ပြန်ရောက်လာကြသည်။
ဇူအန်က သူမကို ဆားလက်မှတ်များကို ချက်ချင်း ပြန်ပေးချင်လိုက်သော်လည်း လေဗလာထဲမှ ရုတ်တရက် ဆွဲထုတ်လိုက်ပါက အနည်းငယ် ထူးဆန်းနေမည်ဖြစ်သည်။
ထို့ကြောင့် သူ၏ အခန်းသို့ အရင် ပြန်ကာ အနားယူရန် ဆုံးဖြတ်လိုက်သည်။ ချူချူယန်၏ ရနံ့သင်းသော စောင်ထည်များက သူ၏ အခန်းထက် အဆသန်းပေါင်းများစွာသာလွန်သောကြောင့် အသံမဲ့အဆောင်တွင် အိပ်ချင်ခဲ့သည်။ သို့သော် ထိုအတွေးကို အမြန်ဖျောက်ပစ်လိုက်သည်။ သူ့အကြောင်း အမှန်တရားကို လောင်မိုင် အား ပေးမသိစေလိုပေ။

ဥယျာဉ်မှူးအိုကြီး၏ သရုပ်မှန်ကို ဇူအန် ကောင်းကောင်း ခန့်မှန်းထားမိပြီဖြစ်သည်။ လောင်မိုင် က တော်ဝင်မိန်းမစိုး တစ်ဦးဖြစ်ခဲ့ဟန်ရသည်။ ထိုလူအိုကြီးမှာ သူ့အပေါ် တွယ်ကပ်နေကာ ထူးဆန်းစွာ ပြုမူနေသေးသည်။ စိတ်ရောဂါ ပြဿနာအချို့ တောင် ရှိနေနိုင်သည်။
ဇူအန်က သူ၏ ချိတ်ပိတ်စည်းပြယ်သွားပြီဖြစ်ကြောင်းကို မပြောပြရသေးပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now