279

210 26 0
                                    

Chapter 279: ဓါးပြတိုက်ခံရခြင်း

ဇူအန် နောက်ဆုံးရသတင်း ပြန်ပို့ရန် ချူအိမ်ကို အမြန်ပြန်လာလိုက်သည်။

"ဘာရယ်။ ဘာမှောင်ခိုဆားကိုမှ မတွေ့ခဲ့ဘူး ဟုတ်လား" ချင်ဝမ်ယွီ ဇူအန်သတင်းပို့ချက်ကြောင့် ပေါက်ကွဲရန်ပြင်လိုက်ပြီးမှ ဒီကောင့်ခေါင်း တစ်ခုခုချောင်သွားနိုင်လားဟု တွေးလိုက်မိသည်။ အရင်တစ်ခေါက် အနည်းငယ်အပြစ်တင်တုန်းက ပေါက်ကွဲသွားဖူးပြီး နောက်တစ်ကြိမ် ပြန်ဖြစ်လာမလား စိုးရိမ်လေသည်။ ဆူငေါက်ချင်စိတ်ကို ထိန်း၍ ဒေါသဖြင့် နှာမှုတ်ရုံသာ လုပ်လိုက်ရသည်။

ဒါပေမဲ့ ထူးဆန်းတယ်။ ဒီကောင့်ကို ငါက ဘာလို့ ကြောက်ရမှာလဲ။ သူတတ်နိုင်တာ ဘာမှမရှိဘူးလေ။
ပိုတွေးလေ ပိုစိတ်တိုလာလေလေဖြစ်ပြီး ဒေါသတကြီး အော်ဟသ်လုနီးပါးပင်။ သို့သော် အလိုလိုတုံ့ပြန်ချင်စိတ်အား ထိန်းချုပ်လိုက်ခါစဖြစ်၍ ပြန်စရန် အန်းနေသည်။
နောက်ဆုံးတော့ နောက်တစ်ကြိမ်မှ စာရင်းရှင်းရန် ဆုံးဖြတ်လိုက်ပြီး ဇူအန်ကို ဒေါသဖြင့်သာ စိုက်ကြည့်နိုင်လိုက်သည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၉..၉..၉...ရယူလိုက်သည်။

ဒီအမျက်ပွိုင့် များကိုမြင်သော် ဇူအန် တစ်ချက် ထူးဆန်းသွားသည်။ ဒီမိန်းမက တကယ် အငြှိုးကြီးတာပဲ။
ဒေါသထွက်ရင်လည်း ဒီလောက်တော့ ကပ်စေးမနှဲနဲ့လေ။ ပြောရရင် အမျက်ပွိုင့် ၉ခုပဲ ပေးမှာဆိုရင် ကျုပ်က ဘာလို့ ဂရုစိုက်စရာလိုမလဲ။ ခနခနပေးတောင် အဲ့တာက နည်းလွန်းတယ်။

ချူကျုန်းထန် သူ့ဇနီးကို အံ့သြစွာ ကြည့်လိုက်မိသည်။ သူက ဘာလို့ ဒီနေ့ တည်ငြိမ်နေတာလဲ။ ဒါက သူနဲ့ မတူဘူး။
ဒါကို သူ့မိန်းမ၏ စိတ်လေ့ကျင့်ခန်းလို့ပဲ သဘောထားလိုက်သည်။ ဒါက သူ့အတွက် စိတ်အေးရလေသည်။

သူတို့နှစ်ယောက်ဘေးတွင် ရပ်နေပြီး ချူချူယန် တစ်ချက်ပြုံးလိုက်မိသည်။ သူ့အမေဘာတွေးနေလဲ သူတစ်ယောက်သာ နားလည်လေသည်။ အရင်တစ်ခေါက်လို ပြဿနာကြီးမားသွားမည်ကို ကြောက်နေခြင်းပင်။

"ဒီကိစ္စ အားဇူကို ငါတို့ အပြစ်တင်လို့မရဘူး။ အနည်းဆုံး အခုတော့ ကျန်းအိမ်က ဆားမှောင်ခိုကိစ္စမှာ ပါဝင်နေတာ သိလိုက်ရပြီး မြစ်ကမ်းစောင့်တပ်လည်း ပါနေတယ်။ ဘယ်လောက်တောင် ညစ်ညမ်းလိုက်တဲ့ လူတွေလဲ" ချူကျုန်းထန် လေးလံသောအသံဖြင့် ပြောလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now