348

161 20 0
                                    

Chapter 348: ကပ်ဆိုးကျလာလိမ့်မယ်

ကမန်းကတန်းဖြင့် ဇူအန်က သူမကို ပြန်လှမ်းဆွဲလိုက်သည်။ “ဒါတွေက ငါ့အမှားပါ။ ငါက ချူကလန် ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာတော့ မတတ်နိုင်ဘူး။ သူတို့တွေ ကျဆုံးသွားရင် ငါလည်း ဒုက္ခရောက်လိမ့်မယ်။ သူတို့တွေကို ဒီအခက်အခဲကနေလွတ်အောင် ကူညီဖို့ ကြိုးစားကြည့်ချင်တယ်။ အဲ့ဒါက မင်းထင်နေသလိုမဟုတ်ဘူး။ သူ့ကိုပဲ ကူညီဖို့ကြိုးစားနေတာမဟုတ်ဘူး...”

သူ၏ အပြုအမူမှာ မည်မျှ အမှိုက်ဆန်နေသည်ကို သူကိုယ်တိုင် ပင် လက်မခံနိုင်ပေ။ ခံစားချက်လွယ်သော မိသားစုတစ်ခု၏ တစ်စိတ်တစ်ဒေသဖြစ်သော်လည်း ဤနေရာတွင် အခြားမိန်းမတစ်ယောက်၏ ရင်ခွင်ထဲ ဒဲ့တိုး ခုန်ဝင်နေရသည်။ ထိုကလန်နှစ်ခုမှာ အချင်းချင်းမုန်းတီးနေခြင်းကို ထည့်ပင်ဖော်ပြစရာပင်မလိုအပ်တော့ပေ။

ကျန်းတန် နှာခေါင်းရှုံ့လိုက်သည်။ “ရှင် ချူကလန် ကနေ ထွက်သွားလို့ရတာပဲလေ။ ဘာဖြစ်လို့ အဲ့ဒီမှာ ဆက်နေနေသေးတာလဲ”

ဇူအန် သက်ပြင်းချလိုက်သည်။ “ငါသာ ချူကလန်ကနေ ထွက်လာရင် မင်းတို့ ကျန်းကလန်ထဲကို ဝင်လို့ရမှာတဲ့လား”
ကျန်းတန် ပါးစပ်ဟ လိုက်သည်။ သို့သော် သူမ၏ အခြေအနေကိုလည်း ပြန်တွေးမိလိုက်သည်။ သူမ ပြောစရာ စကားကို မသိတော့ပေ။

ဇူအန် ဆက်ပြောလိုက်သည်။ “ငါ့ကို အလကား အကူအညီပေးဖို့ ပြောတာမဟုတ်ပါဘူး။ အကယ်၍ အဲ့ဒီဆားခွင့်ပြုမိန့်တွေ ဘယ်မှာရှိလဲ ဆိုတာကို ပြောပြရင် ဒါကို မင်းကို ပြန်ပေးမယ်”
ကလန်ပြိုင်ပွဲတုန်းက အနိုင်ရခဲ့သော ငွေစငါးသောင်း ငွေကတိစာချုပ်ကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်က လောင်းကစားဒိုင် က သူ၏လောင်းကြေးကို မလျော်ပေးနိုင်သေးသဖြင့် သူ့ကို ဤစာချုပ် ပေးခဲ့ခြင်းဖြစ်သည်။

ကျန်းတန်၏ အမူအရာ မသက်မသာဖြစ်သွားသည်။ “ဒီအကြွေးစာချုပ်က ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

ဇူအန် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မိန်းကလေးကျန်းရယ်။ ကျုပ်တို့တွေ ဒါကို လျှို့ဝှက်ထားဖို့လိုနေသေးလား။ ငါတို့တွေက အတူရှိနေတာ ကြာခဲ့ပြီပဲ။ အဲ့ဒီလောင်းကစားဝိုင်း က မင်းတို့ ကျန်းကလန်နဲ့ ပတ်သတ်နေတာကို ငါသိပြီးသားပါ”.ကျန်းတန်က ငွေစာချုပ်ကို သူ့ထံမှ စိတ်ဆိုးဟန်ဖြင့် လုယူလိုက်သည်။ “ဒါဆို ဒါက ဘာလဲ။ အခကြေးငွေလား”

ကီးဘုတ်အင်မော်တယ်-ဇူအန်Nơi câu chuyện tồn tại. Hãy khám phá bây giờ