360

155 21 0
                                    

Chapter 360: သည်းထိတ်ရင်ဖို

အခြားလမ်းကြားတစ်ခုမှ လူတစ်စု ထွက်လာသည်ကို ဇူအန် မြင်လိုက်ရသည်။ ထိုသူတို့ကို ဦးဆောင်လာသူမှာ ဆံပင်ငွေရောင်ရှိသော အသက်အရွယ်ကြီးသူ တစ်ဦးဖြစ်သည်။ ထို့အပြင် ထိုသူမှာ ကျန်းမာသန်စွမ်းနေဆဲပုံရှိပြီး ချည့်နဲ့ခြင်း မရှိပေ။ သူ၏ မျက်လုံးများက လူတစ်ဦး၏ ဝိဉာဉ်အထိ ဖောက်ထွင်းမြင်နိုင်သည်ဟု ထင်ရပြီး အကြည့်မှာ သားကောင်ချောင်းနေသော ဝံပုလွေ တစ်ကောင် ပမာ ထက်မြက်စူးရှနေသည်။

ထိုသူနှင့် အကြည့်ချင်း ဆုံရုံဖြင့် အလွန်အမင်း မသက်မသာဖြစ်စေသည်။ ထိုအချက်မှာ ချင်ဝမ်ယွီပြောသော အဆင့်ခုနစ်ရှိ သိုင်းသမားတစ်ယောက်၏ လက္ခဏာဖြစ်နိုင်သည်။
“သူတို့တွေက ဟိုအနက်ဝတ်လူတွေ နဲ့ တစ်ဘက်တည်းဆိုတာကို ဘယ်လိုသိတာလဲ” ဇူအန် ဇဝေဇဝါ ဖြစ်နေသည်။ ထိုသူတို့အားလုံးမှာ အခြားသူများ ဝတ်ထားသလို အနက်ရောင်မဟုတ်ဘဲ သာမန်ရိုးရိုး အဝတ်အစားများသာ ဝတ်ထားကြသည်။
အဘယ်ကြောင့် သူမက အုပ်စုတစ်စုတည်းဟူ၍ ပြောနိုင်နေသနည်း။

ချင်ဝမ်ယွီ က အနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “သူတို့ အင်္ကျီလက်နားက အလှဆင်ထားတာတွေကို ကြည့်လိုက်။ အဲ့ဒါတွေက အနက်ရောင်ဝတ်လူတွေ နဲ့ အတူတူပဲ”

ဇူအန် သေချာကြည့်လိုက်သည်။ ထိုသူတို့၏ အင်္ကျီလက်စတွင် ထူးဆန်းသော တိမ်တိုက်သဏ္ဍာန် သင်္ကေတရှိနေသည်။
အနက်ရောင်ဝတ်လူများလည်း တူညီသော သင်္ကေတ ကို ဝတ်ဆင်ထားသည်ကို ခပ်မှိန်မှိန် သတိရလိုက်သည်။
အကယ်၍ ချင်ဝမ်ယွီ သာ မထောက်ပြခဲ့ပါက ဇူအန် သတိထားမိမည်မဟုတ်ပေ။

အနည်းငယ် လေးစားသွားသည်။ သူမ က အချိန်တိုင်းတွင် ဆတ်ဆတ်ထိမခံ၊ ခေါင်းမာသည် ဟုထင်ရသော်လည်း စေ့စပ်သေချာသော တစ်ဖက်ခြမ်းကိုလည်း ပိုင်ဆိုင်နေသည်။
အတွေးတစ်ခုက သူ့ကို ရုတ်တရက် တွေဝေ သွားစေသည်။ အကယ်၍ ချူယန်နဲ့ ဟွမ်ကျောက်ကို ပေါင်းလိုက်ရင် ချင်ဝမ်ယွီ မရလာဘူးလား။
ဟွမ်ကျောက်က တကယ်ကို တုတ်ချောင်းအတို ကို ဆွဲမိတာပဲ။ သူ့အမေရဲ့ မကောင်းတဲ့ ဘက်ခြမ်းတွေကိုပဲ အမွေဆက်ခံရခဲ့တယ်။ အင်း...နောင်ဆိုရင် သူ့ကို ကောင်းကောင်းဆက်ဆံပေးမှပါ...။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now