246

255 40 0
                                    

Chapter 246: မေးခွန်း

ဖေးမြန့်မုန် ခံစားချက်ပြင်းထန်သွားပြီး ကတုန်ကယင်ဖြင့် သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည်။ “တကယ်တော့ ဒီမိန်းကလေးက ပရောပရည်လုပ်တတ်တဲ့ မျက်နှာအောက်မှာ နူးညံ့တဲ့နှလုံးသား ပိုင်ဆိုင်ထားတာပဲ။ အဲ့လိုလူမျိုးအတွက်နဲ့ ဘယ်သူကမှ အငြိုးထားချင်ကြမှာ မဟုတ်ဘူး……”

အခြားသီးသန့်အခန်းထဲ၌ ချီဒေါင်ရင်းသည် သူမမျက်တောင်ဖျားကို ညင်ညင်သာသာဖြင့် သုတ်လိုက်သည်။ ပုလဲရောင်ခန်းဆီးနောက်ရှိ သွယ်လျပြီး ကြော့ရှင်းတင့်တယ်သော ပုံရိပ်ကို ကြည့်ရင်း သူမလည်း သက်မချလိုက်မိသည်။ “တကယ်လို့ သူ့ရဲ့ ဗျတ်စောင်းပညာ တစ်ခုတည်း ပြောမယ်ဆိုရင် ငါက သူ့ထက် နည်းနည်းလောက် သာနိုင်သေးတယ်။ ဒါပေမယ့် တီးခတ်မှုထဲ သူ့ရဲ့ခံစားချက်တွေကို မြုပ်ထည့်ပြီး သံစဉ်ကို ဝိဉာဉ်နဲ့ စီးမျောစေတဲ့ ကဏ္ဍဘက်မှာတော့ ငါ သူ့ထက် တကယ်နိမ့်ကျတယ်”

ချီရှို့ သူ့အစ်မ၏ လေးစားချီးကျူးမှုကို ထပ်ထည့်ပြောပေးလိုက်သည်။ “အပျော်မယ် အများကြီး ဗျတ်စောင်းတီးကြတာကို အရင်က ငါ ကြားဖူးပါတယ်။ အရင်တုန်းကတော့ သူတို့တီးခတ်တာကို ငါ သာမာန်ကာလျှံကာ သဘောကျခဲ့ဖူးပါတယ်။ အခုမှ ငါ သဘောပေါက်သွားတာ သူနဲ့ နှိုင်းယှဉ်လိုက်ရင် အခြားသူတွေက သူ့ဖိနပ်သယ်ဖို့တောင် မထိုက်တန်ကြဘူး”

စကားလမ်းကြောင်းကို သူ့အစ်မအား နှစ်သိမ့်သည့်ဘက်သို့ ချောချောမွေ့မွေ့ လှည့်ပြောင်းလိုက်သည်။ “ဒါပေမယ့် အစ်မ ဒီကိစ္စအတွက်နဲ့ အစ်မကိုယ်အစ်မ အပြစ်တင်နေဖို့ မလိုဘူးလေ။ အစ်မက အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ ဘဝမှာ နေထိုင်ခဲ့ရတာ။ အစ်မက နွေးထွေးကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပြီး အစ်မရဲ့ ခံစားချက်အတွေ့အကြုံတွေက အရောင်မဲ့ပန်းချီကားချပ်လိုမျိုးပဲ။ အဲ့ဒါကြောင့် ဒီကဏ္ဍဘက်မှာ အခြားသူတွေထက် နိမ့်ကျနေရင်တောင် လုံးဝရှက်စရာမဟုတ်ပါဘူး။ အချစ်ရေးဘက်မှာ သူက အစ်မထက် အတွေ့အကြုံပိုများတယ်လေ။ သူ့ပုံစံက အပြင်ပိုင်းမှာ နွေးထွေးချိုသာပြီး အပြစ်ကင်းတဲ့ မိန်းမငယ်လေးပုံ ပေါက်ပေမယ့် သူ့နှလုံးသားကတော့ သေချာပေါက် နာကျင်မှုတွေနဲ့ ထုံကျဉ်နေခဲ့ပြီဖြစ်မှာပဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now