285

218 29 0
                                    

Chapter 285: အိမ်တွင်းဝေဒနာ

သူမ၏ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ချူကျုန်းထန် နှင့် ချင်ဝမ်ယွီတို့၏ မျက်နှာ ဖြူဖပ်သွားကြသည်။
ချင်ဝမ်ယွီ က သူမ၏ သမီးကို ဘေးသို့ဆွဲကာ ပြောလိုက်သည်။ “ချူယန် ဒီလို အလောတကြီးဆုံးဖြတ်လို့မရဘူး။ တစ်ခြားနည်းလမ်းတစ်ခုကို အမေတို့ ထပ်စဉ်းစားသင့်တယ်”

တစ်ဖက်တွင် ချူကျုန်းထန် က အလွန်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ဇူအန်ကို လေ့လာနေသည်။ သူ၏ သားမက်ဖြစ်သူ မှာ တကယ်ကို တစ်ခုခုပင်။
သူ့တွင် ထူးခြားသော အချက်တစ်စုံတစ်ရာမှ မရှိသည်ကို လူတိုင်း သိကြသည်။ အချို့ဆိုလျှင် သူ့ကို အမှိုက်တစ်စ ဟုပင် မြင်ကြသေးသည်။ ချူကလန်၏ ပထမသခင်မလေး နှင့် လက်ထပ်လိုက်သည်ဟု လူအများကြားရသောအခါ က သူတို့ အလွန်အမင်း မနာလိုဖြစ်ခဲ့ကြသည်။
ယခုအချိန်အထိတောင် ဤမျှ စက်စက်ယိုအောင်လှသော ရှို့ဟုန်လေကတောင် သူ့အတွက် ကျရှုံးခဲ့ရသည်။ သူမကိုယ်သူမ လှိုက်လှိုက်လှဲလှဲ သူ့ဆီသို့ ပေးအပ်လိုက်သေးသည်။

ဒီအရာတွေက ကံနဲ့ ဆိုင်လို့လား။ အရင်ဘဝမှာ တကယ်ပဲ သူရဲကောင်းတစ်ယောက် ဒါမှမဟုတ် တစ်ခုခုများ ဖြစ်ခဲ့လားမသိဘူး။
အင်း ငါ့ရဲ့ လပြည့်မြို့တော်ဝန် ဆိုတဲ့ အဆင့်အတန်းနဲ့ဆိုရင်တောင် ငါ့အာဏာကို မသုံးရင် ရှို့ဟုန်လေလို မိန်းကလေးမျိုးကို ထိလို့တောင် ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပါးစပ်ထဲမှာ ချဉ်တဲ့အရသာဖြစ်လာရတာလဲ။

ဤအခြေအနေ၏ သူရဲကောင်းဖြစ်သော ဇူအန် မှာ လက်ရှိအချိန်တွင် သူ၏ ယခင်ကမ္ဘာ၏ ပြဇာတ်များအကြောင်းကို တွေးတောနေသည်။ အမျိုးသမီးသူရဲကောင်းများက အဖမ်းခံထားရသော အဓိကဇာတ်ကောင်ကို ကယ်တင်ရန်အတွက် သူတို့၏ ခန္ဓာကိုယ်ကို ဗီလိန်လူဆိုးများ ထံ ဆက်သကြရသည့် ပြဇာတ်များစွာရှိနေသည်။
ဒါဆိုရင် ရှို့ဟုန်လေက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတဲ့ အဲ့ဒီ ဗီလိန်။ ငါက သူရဲကောင်းပေါ့။
ဒါက တကယ်တော့လည်း မဆိုးပါဘူးလေ။ ဘယ်နှစ်ခါ ကယ်တင်ရ ကယ်တင်ရ။

ချူချူယန်က စိတ်တုန်လှုပ်နေသော ချင်ဝမ်ယွီကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ “သမီး ဘာလုပ်နေသလဲဆိုတာကို သမီးသိပါတယ် အမေရဲ့”
ကလန်၏ အရေးကိစ္စများစွာကို ချူချူယန် စီမံကိုင်တွယ်ခဲ့နေရပြီးဖြစ်သည်။ အဆင့်တစ်ခုအထိ သူမသည် ကလန်၏ ဒုတိယခေါင်းဆောင် တစ်ယောက်ဟု ဆိုနိုင်သည်။
သူမ၏ ဆုံးဖြတ်ချက်ကို ကြားရပြီးနောက်တွင် ချင်ဝမ်ယွီ တွင်ပြောစရာ စကားမရှိတော့ပေ။ သို့သော်လည်း သူမ၏ မသက်မသာခံစားရခြင်းကို လှုပ်ခါမရခဲ့ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now