342

160 23 0
                                    

Chapter 342: ဆက်ဆံရေးကောင်း

လီကျင်းချန် ၏ မျက်လုံးများတွင် ရမ္မက်များ ပြည့်နှက်နေသည်။ ဤအလှပဂေးကြီးကို စွဲလမ်းနေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူတို့၏ အဆင့်အတန်း ခြားနားမှုကို ရှင်းလင်းစွာ နားလည်သောကြောင့် သူ၏ လက်လှမ်းမမှီရာ တစ်စုံတစ်ရာကို မကြံရွယ်ရဲခဲ့ပေ။
သူ တတ်နိုင်သော တစ်ခုတည်းသောအရာမှာ ကိုယ်လုပ်တော်တစ်ယောက်ကို ချင်ဝမ်ယွီ ကဲ့သို့ ဝတ်စားစေပြီး ဆံပင်ပုံစံကိုလည်း သူမ နှင့်ဆင်တူလုပ်စေခဲ့သည်။ သူမကို ညအခါတွင် ဆင်တူသော ရနံ့တစ်ခုကိုပါ ဆွတ်စေခဲ့သည်။
ထိုအရာဖြင့် သူမကို ချင်ဝမ်ယွီ ဟူ၍ စိတ်ကူးပုံဖော်ကာ သူ၏ ဆန္ဒများကို ကျေနပ်စေခဲ့သည်။

ကံမကောင်းသည်မှာ ထိုသို့ အချိန်တိုင်း ခံစားပြီးနောက် ထိုအရာ၏ မိုက်မဲမှုကို အမြဲသတိရနေမိသည်။ အမှန်တွင် ၎င်းကိုယ်လုပ်တော်များက ချင်ဝမ်ယွီကိုယ်တိုင်၏ ပြိုင်ဘက်မဟုတ်ကြပေ။
နောက်ဆုံးတွင် မိုးကောင်းကင် က သူ့အပေါ် သနားစိတ်ဝင်လာပြီဖြစ်ကာ ယခုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်မည်။

ချူကလန်မှာ အလွန်ဆိုးရွားသော ပြဿနာကြီးတစ်ခုအလယ်တွင် ရောက်ရှိနေပြီး ချူကျုံးထန် မှာလည်း ယခုအခါတွင် သံတိုင်အနောက်သို့ ရောက်ရှိနေရသည်။ သူ၏ နတ်သမီးမှာ သူမကိုယ်တိုင် သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့သည်။ ထိုအရာသည် မိုးကောင်းကင်၏ ကောင်းချီးတစ်ခုဖြစ်သည်မှလွဲ မည်သည်ဖြစ်နိုင်မည်နည်း။
ချည်းကပ်၍မရသော အထက်တန်းလွှာ မိန်းမတစ်ယောက်မှာ ယခုအခါတွင် သူ လက်လှမ်းမှီသော အနေအထားသို့ ရောက်လာခဲ့ပြီဖြစ်သည်။
သူ၏ လက်ဖဝါးက သူမ၏ လုံးဝန်းသော တင်ပါးသို့ ရောက်ခါနီးတွင် နာကျင်မှုတစ်ခုကို သူ၏လက်က ခံစားလိုက်ရသည်။ သူ၏လက်ကို သူမက ဖမ်းကိုင်လိုက်သည်။

ချင်ဝမ်ယွီ က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ဒါက ဘာအဓိပ္ပါယ်လဲ။ ခေါင်းဆောင် လီ“

လီကျင်းချန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “အစ်မတော်ကို ကူညီဖို့ ကြိုးစားနေတာ အသိသာကြီးပဲလေ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now