294

216 28 0
                                    

Chapter 294: မိတ်ဆက်ပေးမယ်

ချင်ဝမ်ယွီ ပူပန်မှုကို မထိန်းနိုင်ပေ။
"အဲ့တာက ကြိုးတစ်ချောင်းပေါ် လမ်းလျှောက်နေသလိုပဲမဟုတ်ဘူးလား။ တစ်ချက်မှားတာနဲ့ ကျွန်မတို့ အကုန်သွားတာပဲ"

"ငါတို့မှာ ရွေးစရာမရှိဘူး။ ငါတို့ ချူအိမ်ကို လက်လျှော့လိုက်တာမှမဟုတ်ရင် ငါတို့ အားတင်းပြီး ရှေ့ဆက်ရုံပဲ" ချူကျုန်းထန် ချူအိမ်၏ ညမြင်ကွင်းကိုငေး၍ လေသံလေးလေးပင်ပင်ဖြင့် ပြောလိုက်သည်။
"ပြီးတော့ နှစ်ပေါင်းများစွာ သမိုင်းက ဒီကိစ္စတွေကို သက်သေပြပြီးသား။ ငါတို့တောင့်ခံနေသမျှ ငါတို့ကံကြမ္မာကို ကိုယ့်လက်ထဲမှာ ဆုတ်ကိုင်နေနိုင်တာပဲ။ ငါတို့သာ အချိန်မတိုင်မီ လက်လွှတ်လိုက်ရင် ချူအိမ်ရဲ့ အခြေခံအုတ်မြစ်ကို မကာကွယ်နိုင်ရုံသာမက ချူအိမ်ကို မှီခိုနေတဲ့သူတိုင်း ပွဲသိမ်းသွားလိမ့်မယ်။ အဲ့တာကြောင့် ငါတို့ တောင့်ခံရမယ်"

ချင်ဝမ်ယွီ သူ့ယောက်ျားပုခုံးကို ပုတ်လိုက်သည်။ သူ့ယောက်ျားနဖူးစပ်မှ ဆံပင်ဖြူများကိုမြင်ရခြင်းက သူ့ကို ရင်နာစေသည်။ သူ့ယောက်ျား၏ ကျင့်ကြံမှုက အလွန်မြင့်ပြီး ထိပ်ဆုံးနားတွင် ရှိလေသည်။ သို့သော် ချူအိမ်ရှေ့ရေးအတွက် ဖိအားအများကြီး တောင့်ခံရလွန်း၍ အရွယ်မတိုင်ခင် ဆံပင်ဖြူရခြင်းဖြစ်သည်။
ကိစ္စများစွာ ချူယန် ဝိုင်းကူနိုင်၍သာ တော်သေးသည်။ သူ့စိတ်ထဲတွင်တော့ သူ့သမီးအကြီးဆုံးကို သူ့အဖေခြေရာ မလိုက်စေချင်ပေ။
ဇူအန် ချူယန်ဝန်ထုတ်ကို ကူပိုးပေးရန်သာ မျှော်လင့်နိုင်တော့သည်။

ကံဆိုးစွာ ဇူအန်အကြောင်း တွေးမိတိုင်း ထိုပုံရိပ်က မျက်လုံးထဲ ဝင်လာသည်။ ပါးများ ပူလာရသည်။
စိတ်ထဲတွင် တံတွေးထွေးလိုက်ပြီး ထိုအတွေးများ ခေါင်းထဲမှ ထုတ်လိုက်သည်။ သူ့ယောက်ျားကို ပြောလိုက်သည်။
"အဲ့လိုဆိုပေမဲ့ ဝမ်အိမ်ကို ကူညီဖို့က အန္တရာယ် များလွန်းတယ်။ ဒါက ဆန်းဟုန်ကျွန်မတို့ကို မောင်းထုတ်ဖို့အကြောင်းရှာနေတဲ့အချိန် အကြောင်းပြချက်ပေးလိုက်သလို ဖြစ်မနေဘူးလား"

ချူကျုန်းထန်လည်း စိတ်ပူသောအမူအရာ ပေါ်လာသည်။
"ငါတို့ ဝမ်အိမ်ကို ကူညီရုံကလွဲရင် နည်းလမ်းမရှိဘူး...ဝမ်အိမ်က ချူအိမ်နဲ့ မိတ်ဖက်ဖြစ်လာတာ နှစ်ချီနေပြီ။ ဒီနှစ်သူတို့မှာ ကိစ္စအများကြီးဖြစ်တာ။ သူတို့ကိုသာ မကူညီရင် သူတို့အိမ်တော် တကယ် ပျက်စီးသွားနိုင်တယ်…လပြည့်မြို့မှာ ကျန်းနဲ့ ယွမ်အိမ်က ငါတို့နဲ့မတည့်ဘူး။ ဝမ်အိမ်နဲ့ ဆက်ဆံရေးအပေါ် တစ်ချိန်လုံး မှီခိုလာရတာ။ ဒီဆက်ဆံရေးကို ပြိုကွဲစေလိုက်ရင် နောက်ဆို ဒီထက်ပို ခက်ခဲလိမ့်မယ်…ဒါ့အပြင် ငါတို့ ဘေးထွက်ပြီး ငါတို့မိတ်ဖက်အိမ်တော် ပျက်စီးတာ ဒီတိုင်းကြည့်နေလိုက်ရင် ဘယ်သူက ငါတို့နဲ့ ပူးပေါင်းရဲတော့မလဲ။ အဲ့တာဆို ဆန်းဟုန်ဘက်ကို လူပိုများများ တွန်းပို့လိုက်တာနဲ့ တူမနေဘူးလား"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now