230

317 40 0
                                    

Chapter 230: ကတိ

ဆေး၏ အာနိသင်များ နောက်ဆုံး ပျောက်ကွယ်သွားရန် အချိန်အတော်ယူလိုက်ရသည်။ နောက်ဆုံးတွင် ရှောင်ရွှယ်ယင်း၏ မျက်လုံးများ ကြည်လင်မှုကို ပြန်လည်ရရှိသွားသည်။
သို့သော် သူမခန္ဓာကိုယ်က နုံးခွေနေလေပြီ။ သူမ၏ အပေါ်တွင် ရှိနေသော သူကို ကြည့်ရင်း နှုတ်ခမ်းသာ တင်းတင်းကိုက်ထားနိုင်တော့သည်။ ထိုအချိန်က ချူချူယန် က သူ့ကို မည်သို့ သည်းခံခဲ့သည်ကို တွေးနေမိလိုက်သည်။ ဆေးကြောင့် သူမ လှုံ့ဆော်ခံနေရသော်လည်း ထိချက်များက သူမခံနိုင်ရည်ကုန်ဆုံးလုနီးပါးပင်။

ထိုအချိန်က ချူချူယန်၏ ကီသွေးကြောများ ပျက်စီးနေခဲ့ပြီး ကျင့်ကြံမှုမှာလည်း မရှိနေခဲ့ပေ။ ထို့ကြောင့် သူ့ကို သူမ၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် လက်ခံခဲ့သည်ကို ဆိုလိုနေခြင်းဖြစ်သည်။ ထိုအတွေးများ ခေါင်းထဲပြည့်ကာ ရှောင်ရွှယ်ယင်း က သူမကို လေးစားမှုပြုလိုက်သည်။

“ငါ ဘာတွေ လျှောက်တွေးနေတာလဲ”
ရှက်ရွံသွားသော ရှောင်ရွှယ်ယင်း က သူမ၏ ခေါင်းကို နှိမ့်ကာ သူ၏ အရှေ့တွင်ရှိနေသော ယောက်ျား၏ ရင်ခွင်ထဲ ပိုတိုးဝင်လိုက်သည်။ သူမ အလွန်ရှက်နေသဖြင့် သူနှင့် အကြည့်ပင်မဆုံရဲပေ။

...

နောက်တစ်နေ့တွင် ဇူအန် လန်းဆန်းစွာ နိုးထလာသည်။ သူ၏ဘေးတွင်ရှိနေသော ကိုယ်လုံးလေးကို ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော် သူ၏ လက်မှာ လေဟာနယ်ကိုသာ ဆုပ်ကိုင်မိလိုက်သည်။ မနေ့ညက သူ ကြုံတွေ့ခဲ့ရသော နူးညံသော အာရုံခံစားမှုမှာ မရှိနေတော့ပေ။
အံသြသွားကာ အလျှင်အမြန် ကောက်ထိုင်လိုက်သည်။ သူ၏ ဘေးတွင်ရှိနေသင့်သည့် မိန်းကလေးမှာ အစအနမကျန် ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ စောင်ထဲတွင် ကျန်ရစ်နေခဲ့သော မွှေးရနံ့က မနေ့က အဖြစ်အပျက်များမှာ အိမ်မက်တစ်ခု မဟုတ်ကြောင်းကို သက်သေထူပေးနေသည်။

“စနိုး” ဇူအန် အလျှင်အမြန် ရှာဖွေလိုက်သည်။

“နင့်ရဲ့ အားအင်တွေ ဖြုန်းတီးမနေနဲ့တော့။ သူ ထွက်သွားပြီ” အေးစက်သော အသံတစ်သံ ပေါ်လာသည်။ သစ်သားခုံတင် နှင့် မျက်နှာချင်းဆိုင်တွင် လဲလျောင်းနေသော မိန်လိ၏ ဝိဉာဉ်ကို တွေ့လိုက်ရသည်။ သူမ၏ ဝတ်ရုံတွင် ဖြူဖွေးချောမွေ့သော ခြေထောက်လေးများကို အနည်းငယ်ဖော်ပြထားသည်။ သို့သော်လည်း သူမ၏ လက်ရှိမျက်နှာထားမှာ ရေခဲမှုန်ဒေါသများဖြင့် ကာရံနေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now