318

185 28 0
                                    

Chapter 318: ထူးဆန်းသောငှက်ကြီး

"ဒီသေတ္တာထဲက ဘာလဲ " ထိုသေတ္တာကအတော်လေး အနုစိတ်ကာ အကောင်းစားဆန်သည်။ ထိုအရာက ထိပ်တန်းသစ်သားနှင့်လုပ်ထားပြီး အပေါ်မှ အဆင်အယင်သည်လည်း လှလေသည်။

လောင်မိုင် သရော်လေသည်။
"အထဲမှာ ဘာပါလဲ မင်းသိစရာမလိုဘူး။ ဘယ်လိုပုံစံလဲ မှတ်ထားပြီး ဝေအိမ်တော်မှာရှိတဲ့ ပုံစံတူကို ယူပေးရုံပဲ"

ဇူအန် ခေါင်းကုတ်လိုက်သည်။
"အကြီးအကဲ ကျုပ်တော့နားမလည်တော့ဘူး။ ခင်ဗျားရဲ့ကျင့်ကြံမှုနဲ့ဆို ဝေအိမ်က ဘာပဲလိုလို အလွယ်တကူ ယူနိုင်တယ်မဟုတ်ဘူးလား။ ဘာလို့ အလုပ်ရှုပ်ခံပြီး ကျုပ်ကိုပို့ရတာလဲ"
ဘာပဲပြောပြော လောင်မိုင်က ချူအိမ်အတွင်း ဘယ်သူမှသတိမထားမိဘဲ လျှောက်သွားနိုင်လေသည်။ ချူကျုန်းထန် လို အဆင့် ၈ကျင့်ကြံသူ တောင် သူ့ကို သတိမထားမိပေ။
ဝေအိမ်က လုံခြုံရေးမည်မျှတင်းကြပ်ပါစေ မြို့တော်ဝန်အိမ်တော်ထက်တော့ ပိုပြီး မခက်ခဲနိုင်ပေ။

လောင်မိုင် ပြန်ဖြေသည်။
"ငါ့မှာ ငါ့အကြောင်းနဲ့ငါ ရှိတယ်။ မင်းကိုသွားခိုင်းရင် သွားပေါ့။ ပေါက်ကရတွေ ပြောမနေနဲ့တော့"

"ကောင်းပြီလေ" ဇူအန် ပုခုံးတွန့်လိုက်သည်။ ဒါက အရမ်းခက်ခဲသောတာဝန်မဟုတ်သဖြင့် ဒီအဖိုးကြီးကို ကူညီရန် တွေးလိုက်သည်။

လောင်မိုင် ကျေနပ်စွာ ပြုံးလိုက်သည်။ နောက်လှည့်၍ ပြန်ရန်ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်သွားသည်။
"အဲ့ဒီသေတ္တာကို မင်းလုံးဝ ဖွင့်ကြည့်လို့မရဘူး။ မဟုတ်ရင် မင်းအသက်အန္တရာယ်ရှိနိုင်တယ်" ဇူအန်ကို ပြောလိုက်သည်။
"ပြီးမှ ငါသတိမပေးဘူးမပြောနဲ့"

ဇူအန် လန့်ဖြန့်သွားသည်။
"အဲ့လောက် အန္တရာယ် များလို့လား"

"ဖွင့်သာမဖွင့်နဲ့" လောင်မိုင် မှာလိုက်သည်။ ထိုစကားပြောပြီးချိန်တွင် လောင်မိုင်ပုံရိပ်မှာ ပျောက်ကွယ်သွားလေပြီ။

ဇူအန် တိတ်ဆိတ်သွားသည်။ အဲ့ဒီထဲမှာ ဘာရှိတာပါလိမ့်။
လူ့စိတ်က စပ်စုတတ်သည်။ လောင်မိုင်သာ မဖွင့်ကြည့်ရန် မမှာခဲ့လျှင် ဒီလောက် ချောင်းကြည့်ချင်စိတ် ဖြစ်လာမည်မဟုတ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now