310

184 26 0
                                    

Chapter 310: ကျိန်ဆဲရနံ့

ကျန်းတန် ဘာမှမပြောနိုင်တော့ပေ။

ဒီနဂါးက နည်းနည်း ရွံစရာကောင်းမနေဘူးလား။ ဒါပေမဲ့ သူမ၏ အာရုံအားလုံးက သေသွားတာသေချာတယ် ဆိုသောစကားဆီ ရောက်နေသည်။ နှလုံးသားတစ်ခုလုံး ပြာကျသွားသလိုပင်။

သူတောင် ဒီနဂါးရဲ့အင်အားကို မရင်ဆိုင်နိုင်တာ သူ့ထက်အားနည်းတဲ့ ဇူအန်ဆို ပိုဆိုးမှာပေါ့။

"ဘာလို့ မင်းမရုန်းတော့တာလဲ။ ဒီဘုရင်က မင်းရုန်းကန်လေလေ ပိုပြီး ပျော်ရလေလေပဲ" အနီရောင်နဂါးက မကျေနပ်စွာ ထပြောသည်။ သူက လက်သည်းတစ်ဖက်မြှောက်ပြီး ကျန်းတန် စကပ်ကို ဆွဲဖြဲလိုက်သည်။
သူမစကပ်က ဓားတစ်ချောင်းနှင့် အခုတ်ခံလိုက်ရသလို တိခနဲ ပြတ်ကျသွားပြီး ဖြူဖွေးသွယ်လျသော ပေါင်တံများ ပေါ်လာရသည်။

"ယုတ်ညံလိုက်တာ" ဇူအန်သေဆုံးသောသတင်းမှ အနည်းငယ် သတိပြန်ဝင်လာသည်။ ဆေးက အစွမ်းပြနေပြီဖြစ်သော်လည်း ကျန်းတန် အမူအရာတစ်ခုလုံးက အရှက်ရမှုနှင့် မကျေနပ်ခြင်းများ ပေါ်နေသည်။

ကံဆိုးစွာ ဧရာမနဂါးနှင့် ယှဉ်လိုက်သော် သူမ၏ခွန်အားက ပုရွက်ဆိတ်သာသာပဲရှိလေသည်။ သူမ၏ ဒြပ်စင်စွမ်းရည်ကို ဆင့်ခေါ်ရန် စဉ်းစားလိုက်သော်လည်း ဒီနဂါးက မီးဒြပ်စင်ဖြစ်နိုင်ချေများသည်။ ဒီဂူက မီးဒြပ်စင်ရိုင်းများပြည့်နေပြီး သူမ သုံးနိုင်စရာ ရေဒြပ်စင်တစ်ခုမှ ရှာမတွေ့နိုင်ချေ။

"ဟားဟား အခုမှ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာ" ကျန်းတန်၏ ရုန်းကန်မှုကို မြင်သော် နဂါးက အော်ရယ်လိုက်သည်။
"ငါ့ရဲ့ အချစ်မိန်းမလှလေး ခဏတော့စောင့်ဦး ဒီ ဖန်တောက်လုံးကို အပြည့်အစုံ သန့်စင်ပြီးတာနဲ့ ငါ လူသားပုံစံပြောင်းလို့ရတော့မှာ။ အဲ့ဒီအချိန်မှ မင်းကို  အချစ်တွေပုံပေးမယ်" အနီရောင်နဂါးက ကျန်းတန်ကို ဂူထောင့်တစ်နေရာတွင် ပစ်ထားလိုက်သည်။ သူ့ကိုမလှုပ်နိုင်စေရန် မီးလျှံတစ်ချို့မှုတ်ပြီး ပတ်လည်တွင် ဝန်းရံထားလိုက်သည်။

ဒါက လုံးဝမလိုအပ်သော လုပ်ဆောင်ချက်ပင်။ ကျန်းတန်ကိုယ်ထဲမှ အဆိပ်က ထကြွနေပြီ။ ဇူအန်သေဆုံးသည်ဟူသော အတွေးကြောင့်သာ ခဏတာ သူ့ကိုအသိစိတ်ဝင်လာစေခြင်းပင်။ အခုတော့ သူမ လှုပ်ပင်မလှုပ်ရှားနိုင်တော့ပေ။
ကျန်းတန် နာခံပြီး ထောင့်တွင်မလှုပ်ရှားသောကြောင့် အနီရောင်နဂါးက ကျေနပ်သွားသည်။ လေထဲတွက်ပျံနေသော ဖန်လုံးကို ပြန်အာရုံစိုက်လိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Unde poveștirile trăiesc. Descoperă acum