270

243 36 0
                                    

Chapter 270: မိန်းမလှတစ်ဦး၏ နက်ရှိုင်းသောအချစ်

ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်သူက ငါ့လောက် အဆင့်မြင့်ဦးမလဲ။
ငါတွေ့ဖူးတဲ့လူတွေကို ဝေဖန်ချက်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့က အကုန်အမှိုက်တွေပဲ။

ဇူအန်မှာသာအမြီးရှိရင် အခုချိန် မျက်နှာကျက်ကို ထောင်နေလောက်ပြီ။
ဒါပေမဲ့ တစ်ခုကိုတော့ နည်းနည်းထူးဆန်းသလို ခံစားမိသည်။

အနည်းဆုံး ရှန်းလျှို့ယီက သူ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး။ သူတို့ဆက်ဆံမှုတွေကြောင့် စိတ်ချင်းနီးကပ်သည်ဟုပင် ပြော၍ရသည်။ ချူချူယန် ကတော့ ပြောစရာပင်မလိုပေ။ သူက ဇူအန်၏ဇနီးဖြစ်သည်။ သူတို့နှစ်ဦးက သေရေးရှင်ရေးကို အတူရင်ဆိုင်ဖူးပြီး အနီးကပ်ဆုံးအပြုအမူများလည်း လုပ်ပြီးပြီ...
သူတို့က ဇူအန်ကို ဒီလိုပစ္စည်းပေးတာ မထူးဆန်း။
ဒါပေမဲ့ ဒီရှို့ဟုန်လေကတော့..

နှစ်ယောက်စလုံးက အစတည်းက တစ်ယောက်နဲ့တစ်ယောက် ထောင်ချောက်ဆင်နေပြီး တစ်ဖက်လူ သူတို့ထောင်ချောက်ထဲကျရန် ကြိုးစားနေကြသည်ပင်။
သူတို့ဆက်ဆံရေးက ပျော်စရာများ ခံစားချက်များ ပြည့်နေသည်ဟု ထင်ရသော်လည်း ဒါက အပေါ်ယံသရုပ်ဆောင်မှုသက်သက်ဖြစ်ကြောင်း ဇူအန် နားလည်သည်။
ဒါပေမဲ့ အခုတော့ ဒီကလေးမ ဘာလိုချင်လဲ ဇူအန် တွေးမရတော့ပေ။

အမြန်မယူဘဲ ရှို့ဟုန်လေ မျက်လုံးများထဲကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။
"ဒီအရာက အရမ်းတန်ဖိုးကြီးတယ်။ ဘာလို့ ငါ့ကိုပေးရတာလဲ"

"သခင်လေးစကားက ကျွန်မကို အသည်းခွဲလိုက်တာပဲ" ရှို့ဟုန်လေ အမူအရာက ဝမ်းနည်းမှုအပြည့်ပင်။
"ကျွန်မနှလုံးသားက သခင်လေးဆီရောက်သွားပြီလေ။ ကျွန်မရွေးချယ်ထားတဲ့ ချစ်သူကို အသေမစောစေချင်ဘူး...သခင်လေး ကျွန်မကို အင်မော်တယ်ဗိမ္မာန်ကနေ ရွေးယူမယ့် နေ့ကို စောင့်နေသေးတာ.."

ဇူအန် နှုတ်ခမ်းစေ့လိုက်မိသည်။
သူ့အသိစိတ်က ဒီမိန်းမပြောသမျှစကားတစ်ခွန်းမှ မယုံရန် ပြောနေသည်။ သို့သော် သူ့စိတ်ကတော့ ဒီလို နက်ရှိုင်းတဲ့အချစ်ကို မခံစားရဘဲ မနေပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now