Chapter 400: မှန်ကန်သော လက်စားချေမှု
ဇူအန် ပြုံးကာ ပြောလိုက်သည်။ “ဘာဆေးလဲ။ အဲ့လိုမျိုး တစ်ခုခုလိုအပ်ရင် နတ်ဆေးဆရာကျီကို သွားရှာရမှာမဟုတ်ဘူးလား။ ကျီရှောင်ချီ တောင်မှ ငါ့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ဖြစ်ဦးမယ်”
ကျန်းတန် သက်ပြင်းချလိုက်သည်။ “ကျွန်မတို့တွေ နတ်ဆေးဆရာကျီ ကို ကုသခိုင်းသေးတယ်။ ဒါပေမယ့် နတ်ဆေးဆရာကျီ တတ်နိုင်တာဘာမှမရှိဘူး။
ဆန်းရှန် အပြင်းအထန် ဒဏ်ရာရထားတာကို ရှင်လည်း သိရဲ့သားနဲ့။ ပြီးတော့ အခုဆိုရင် သူ့အသက် မျော့မျော့လေးပဲ ကျန်တော့တယ်။ နတ်ဆေးဆရာကျီ တောင် သူ့ကို သေမင်းတံခါးဝမှာ ထိန်းထားရုံပဲတတ်နိုင်တယ်။ သူ့ရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ကျလာပြီးတော့ နတ်ဆေးဆရာကျီ လည်း မတားဆီးနိုင်တော့ဘူး။
ဆန်းဟုန် မှာ ကလေးနှစ်ယောက်ရှိပေမယ့် သူ့မှာ သားတစ်ယောက်ပဲရှိတယ်။ အကယ်၍ ဆန်းရှန် သေရရင် သူ့မှာ ဆက်ခံသူ ကျန်တော့မှာမဟုတ်ဘူး”ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ လူဆိုးတွေ မှာ ဆိုးတဲ့အရာဖြစ်တာ ဘာဆန်းလို့လဲ”
ဆန်းဟုန်၏ အမှောင်ထဲမှ အကြံအစည် က လက်ရှိချူကလန်တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ကျန်းတန် နှုတ်ခမ်းကိုက်ထားသည်။ “အဲ့ဒါ ဟုတ်ပေမယ့် သားဖြစ်သူ သေဆုံးသွားရင် အဖေတစ်ယောက် က ပိုပြီးတော့ မိုက်မဲရူးသွပ်လိမ့်မယ်။ အဲ့ဒီလိုသာဖြစ်ရင် သူက ချူကလန်ကို မျက်နှာသာပေးတော့မှာမဟုတ်ဘူး”
“ငါ့ကို လာခြိမ်းခြောက်နေတာလား” ဇူအန် အနည်းငယ် မပျော်တော့ပေ။ သူမ၏လက်ကို ပိုမိုတင်းတင်း ညှစ်လိုက်သည်။
“အ” ကျန်းတန် နာကျင်သွားသည်။ သို့သော် ထုတ်မပြရဲပေ။ အခြားကျောင်းသားများ သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ “ရှင့်ကို ခြိမ်းခြောက်နေတာမဟုတ်ဘူး။ အကောင်းအဆိုးကို ချင့်ချိန်တတ်ဖို့ ကူညီပေးနေတာ။ ရှင့်ကို အရာအားလုံး ပေးထားပြီးပြီပဲ။ ကျွန်မရဲ့ စေတနာကို မေးခွန်းပြန်ထုတ်နေတုန်းပဲလား”
ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ဒါပေမယ့် မင်းက ငါ့ရန်သူ ကိုယ်စား ပြောပေးနေတာလေ”