281

211 29 0
                                    

Chapter 281: ဧည့်သည်

"အိုး ဘယ်လို စီးပွားရေးကမ်းလှမ်းချက်လဲ" ကန့်လန့်ကာနောက်က အမျိုးသမီးက သိချင်စွာ မေးသည်။

ချန်ရွှမ်း အော်ရယ်ပြီး မေးခွန်းကို ပြန်မဖြေဘဲ
"စီးပွားရေး ဆွေးနွေးတဲ့နေရာမှာ နှစ်ဖက်လုံးက ရိုးသားသင့်တယ်လေ။ ကျုပ်က ဒီကိုလာပြီး စိတ်ရင်းကို ပြပြီးပြီ။ ဒါတောင် ဝေလခေါင်းဆောင်က ကျုပ်ကို ဖုံးကွယ်ပြီး လူယောင်မပြဘဲ နေမလို့လား။ ခင်ဗျားမှာ လိုအပ်နေတယ်လို့ မထင်ဘူးလား"

ရယ်သံတစ်ခု ထွက်လာပြီး
"ဒါက ကျွန်မနှစ်ပေါင်းများစွာ ကျင့်လာခဲ့တဲ့ ထုံးစံမို့ပါ။ လေခံတပ်သခင် ဗွေမယူဖို့ မျှော်လင့်ပါတယ်"
စကားပြောပြီးသည်နှင့် လှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်တစ်ခု ထွက်လာသည်။

ချန်ရွှမ်း မျက်လုံး လက်သွားသည်။ သူ့ရှေ့က မိန်းကလေးက ကျစ်လျစ်သောဗိုက်သားများ ပေါ်နေစေသော အနီရောင် ခါးတိုဝတ်စုံကို ဝတ်ထားသည်။ အသားအရေ ဖြူဖွေးချောမွေ့ပြီး ကျစ်လျစ်ပျော့ပြောင်းသည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် သူမခါးက အလွန်ကွေးဆန့်နိုင်ကြောင်း ချန်ရွှမ်း  ပြောနိုင်သည်။ တင်ပါးကိုလှုပ်ရင်း သူ့ကိုယ်ပေါ် ထိုင်နေပုံကို စိတ်ကူးယဉ်လိုက်မိသည်။ သူ့လှုပ်ရှားမှုက တင့်တယ်ပြီး အားအပြည့်ဖြစ်နေမှာ သေချာသည်။

သူမအင်္ကျီက ခါးကို ပေါ်စေရုံသာမက ကောက်ကြောင်းသေချာပေါ်အောင်လည်း ကပ်ရပ်နေသေးသည်။ မို့မောက်သော တောင်ပို့နှစ်ခုကြား နက်ရှိုင်းသော အမြှောင်းတစ်ခုရှိနေပြီး ဘာလျှို့ဝှက်ချက်မှမပေါ်နေသော်လည်း အာရုံစွဲဆောင်နေသေးသည်။
ဒါပေါ့ ကျီစားလေလေ နှလုံးခုန်သံ ပိုမြန်စေလေလေပင်။

နောင်တရစရာ တစ်ခုက သူ့မျက်နှာကို အနီရောင်ပုဝါဖြင့် ဖုံးထားခြင်းပင်။ သူ့မျက်နှာအသွင်အပြင်ကို သေချာ မမြင်နိုင်ပေ။
သို့သော် ကြီးမားလှပသော မျက်လုံးများကြောင့် ဖုံးထားသော ရုပ်ရည်ကလည်း အဆင့်မနိမ့်ကြောင်း ပြောနိုင်သည်။

ဒါပေါ့ ဒီလောက်လှတဲ့ ကောက်ကြောင်းရှိတာ မျက်နှာ လှခြင်း မလှခြင်းက သူမဆွဲဆောင်မှုကို မလျော့နည်းစေပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now