283

208 33 0
                                    

Chapter 283: လွတ်လပ်ခွင့်ဝယ်ခြင်း

"အမှန်ပဲ" ဇူအန်နာမညျကြားရုံဖြင့် ချန်ရွှမ်း မျက်နှာ ရှုံ့တွလာသည်။ သူ့ညီကိုသတ်သွားသူနှင့် သူတစ်မိုးအောက်ထဲ လုံးဝမနေနိုင်ပေ။

အရင်တစ်ခေါက် အင်မော်တယ်ဗိမ္မာန်တွင် သူ့ကိုတောင် အရူးလုပ်သွားသေးသည်။ အဲ့ဒီကောင်အကြောင်းကြားရုံဖြင့်ပင် သူ့ကို ရူးလောက်အောင် ဒေါသထွက်စေသည်။

သင်သည် ချန်ရွှမ်း ထံမှ အမျက်ပွိုင့် ၄၀၄ ရယူလိုက်သည်။

ချန်ရွှမ်းက ထိုမိန်းမကို သံသယဖြင့်ကြည့်လိုက်ပြီး
"ဂိုဏ်းခေါင်းဆောင်က သူ့အကြောင်းဘာလို့ ရုတ်တရက် ပြောတာလဲ"

ထိုမိန်းမက ပြုံးလိုက်ပြီး
"ဒီအတိုင်း သိချင်လို့ပါ။ တစ်ယောက်ယောက်ကို ခံတပ်ခေါင်းဆောင် သတ်ချင်တယ်လို့ ကြေညာတာ မကြုံဖူးဘူးလေ။ ဒါပေမဲ့ ရက်အတော်ကြာနေတာတောင် ဒီလူက အသက်ရှင်နေသေးလို့ပါ။ ဒီဇူအန်မှာ ထူးခြားတဲ့ အရည်အချင်းတွေဘာတွေ ရှိလို့လား"

ချန်ရွှမ်း စိတ်တိုစွာ သရော်လိုက်သည်။
"သူ့မှာတော့ ဘာအစွမ်းအစမှ သိပ်မရှိဘူး။ ဒါပေမဲ့ မိန်းမနဲ့ ယောက္ခမကောင်းနေလို့။ ချူအိမ်ရဲ့ သားမက်က ဒီလောက်လွယ်လွယ် သတ်လို့ရတာ မဟုတ်ဘူး".
နောက်ဆုံးအကြိမ် ဒီမျိုးမစစ်လေး မြို့အနှံ့လှည့်ပြီး ဟန်ရေးပြတုန်းက သူအရိပ်ထဲမှပဲ တိတ်တဆိတ်လိုက်နိုင်သည်။ ချုံခိုပုန်းနေတာ သေချာသည်ဟု ချန်ရွှမ်း  တွက်ချက်ထားသည်။ သို့သော် သူဘာကိုမှ သဲလွန်စမရ၍ လှုပ်ရှားရန် ပိုလက်တွန့်စေလေသည်။

အနက်ရောင်လေခံတပ် ဒီအချိန်ထိ တည်မြဲလာခြင်းမှာ သူ့ကျင့်ကြံမှု အဆင့်မြင့်၍ မဟုတ်ဘဲ သူ့ ချိန်ဆနိုင်မှုကြောင့်ပင်။
ကံကောင်းစွာ ဇူအန်ကို အသေမသတ်နိုင်ခဲ့သော်လည်း ဝမ်ယွမ်လုံကို အမိဖမ်းနိုင်ခဲ့သည်။

"ကျွန်မလည်း ချူအိမ် သားမက်အသစ်အကြောင်း တစ်ချို့ ကြားထားတယ်။ သူက ချူအိမ်ရဲ့ အကာအကွယ်အပြင် အကယ်ဒမီမှာလည်း နေရာတစ်ခုရထားတယ်လေ။ အနက်ရောင်လေခံတပ်က သူ့ကိုသတ်ဖို့ ဘယ်လိုကြံထားလဲ မေးလို့ရမလား" ထိုမိန်းမက ထပ်မံ စပ်စုလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Dove le storie prendono vita. Scoprilo ora