384

158 18 1
                                    

Chapter 384: ကျုပ်က ဒီအတိုင်း ပွဲကြည့်သူပဲလေ

ဝေတန် ဒေါသထွက်သွားသည်။ သူ၏ အသံပြင်းသွားသည်။ “ယင်လေး မင်းက ငါ့ရဲ့ သည်းခံမှုကို စမ်းသပ်နေတာလား။ သေချင်နေပြီလား”

“ဘာကိုသေချင်ရမှာလဲ” လောင်မိုင် က သုန်မှုန်ကာ ပြုံးလိုက်သည်။ “အသက်ရှင်ဖို့ ရွေးနိုင်တာပဲကို ဘယ်သူက သေဖို့ရွေးရမှာလဲ”

ဇူအန် စိတ်မကောင်းဖြစ်သွားသည်။ သူ့ကို အကူအညီပေးရခြင်း၏ နောက်ကွယ်တွင် မကောင်းသော အကြံရှိနေမည်ကို အမြဲစိုးရိမ်နေခဲ့သော်လည်း သူတို့နှစ်ဦး သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လောင်မိုင်ကို ဤသို့မြင်တွေ့ရသည်မှာ ခက်ခဲနေသည်။

ထိုစဉ် အကွာအဝေးတစ်ခုမှ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤရေကုန်ရေခမ်းတိုက်ပွဲ က ချူအိမ်တော်ထဲ ရှိ လူများကို ထိတ်လန့်စေခဲ့သည်မှာ ရှင်းနေသည်။ ထို့ကြောင့် စုံစမ်းရန် အစောင့်တစ်ဖွဲ့ ပြေးလာနေကြသည်။
ဇူအန်က ချူကလန်ဝင်များကို ကူညီရန် ပြောသင့် မပြောသင့် စဉ်းစားနေသည်။ အဆုံးတွင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ချူအိမ်တော်ထဲ ရှိ အစွမ်းအကြီးဆုံး ပညာရှင်များကို လောင်မိုင် သတ်လိုက်ပြီးဖြစ်သည်။ ယခု ဝေတန်က ပိုမိုသန်မာပုံရှိသည်။
ချင်ဝမ်ယွီသည် အဆင့်ခြောက်တွင်သာ ရှိနေသေးပြီး ယခုအခါတွင် ကူညီနိုင်သညိ့ အခြေအနေမဟုတ်ပေ။ ချူကလန်၏ အစောင့်များကလည်း လက်ရွေးစင်များ ဖြစ်ကြသော်လည်း ဝေတန် ကဲ့သို့သော ပညာရှင်အစစ်တစ်ယောက်၏ အရှေ့တွင် မတ်တပ်ပင်ရပ်နိုင်မည်မဟုတ်ပေ။
အကယ်၍ ချူကျုန်းထန် သာ အိမ်တော်ထဲတွင် ရှိနေပါက အသုံးဝင်သောနေရာအချို့ရှိဦးမည်။ သို့သော်လည်း သူသည် ကျင့်ကြံမှု အဆင့်ရှစ်သာ ရောက်သေးသောကြောင့် လုံလောက်မှုမရှိပေ။
သူတို့တွင် အခွင့်အရေးရှိလာနိုင်သော တစ်ခုတည်းသောအရာက ချူကလန်၏ ၀တ်ရုံနီတပ် ဖြစ်သည်။

ဤကမ္ဘာသို့ ဇူအန် စတင်ရောက်ရှိစဉ်က နားမလည်နိုင်သော အရာတစ်ခုရှိခဲ့သည်။ ကျင့်ကြံသူတစ်ဦးချင်းစီက အရမ်းစွမ်းအားကြီးနေရင် ဘာဖြစ်လို့ တိုင်းပြည်တွေ စစ်တပ်တွေ ရှိနေသေးတာလဲ။
နောက်ပိုင်းမှ အကယ်ဒမီသို့ရောက်သောအခါမှ အကြောင်းအရင်းကို သိခဲ့ရသည်။ စစ်သားတစ်ဦးချင်းစီ၏ ကျင့်ကြံမှုအဆင့်မှာ ထိုအဆင့်မြင့်ကျင့်ကြံသူများနှင့် မယှဉ်နိုင်သော်လည်း တပ်အင်အားစုများ က နည်းစနစ်တစ်ချို့ကို သုံးကာ သိုင်းပညာရှင်များ၏ အစွမ်းကို စုပ်ယူကာ စစ်သားတစ်ဦးချင်းစီအပေါ် ပြန့်စေကာ ထိခိုက်မှုကို လျော့ကျစေနိုင်သည်။ တစ်ချိန်တည်းမှာပင် ထိုစစ်သားအားလုံး၏ တိုက်ခိုက်မှုအင်အားကို ရန်သူတစ်ဦးတည်းအပေါ် စုစည်းထားနိုင်သေးသည်။
ထို့ကြောင့် လေ့ကျင့်ထားသော စစ်တပ်တစ်ခုနှင့်ရင်ဆိုင်ရသောအခါ တစ်ကိုယ်တည်း ကျင့်ကြံသူမှာ အမြဲတစေ ရှုံးနိမ့်လေ့ရှိသည်။
ထိုအရာက တိုင်းပြည်တစ်ပြည်၏ အစီအစဉ်ကျနစွာ တည်ဆောက်မှု နှင့် အစွမ်းကြီးသော ကျင့်ကြံသူများ၏ ခွန်အား တို့ကို ညီမျှစေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now