3.6K 319 16
                                    

Unicode

"ထွင်း...ထွင်း အက္ခရာ...."

"ငါ့တပည့်နှယ် ခက်ရချည်ရဲ့...."

ဆရာကြည်တစ်ယောက် ဝါးကြမ်းဖျာပေါ်လှဲနေသော တပည့်ဖြစ်သူကို ကြည့်ရင်း မချိတင်ကဲရွတ်ဆိုမိသည်။ နဂိုက  အားကောင်းမောင်းသန်ဖြစ်သူ တပည့်ကြီးမှာ ယခုတော့ဖြင့် ဖျာကြမ်းထက် ညှိုးလျော်နွမ်းဖတ်ကာ ဖြူဖတ်ဖြူလျော်ဖြစ်နေပေတော့သည်။ အငြိမ့်မင်းသမီးနာမည်အား နှုတ်မှ တဖွဖွဖြင့် ယောင်ယမ်းနေသေးသည်။

ထွင်းအက္ခရာအငြိမ်အဖွဲ့ ရန်ကုန်သို့ပြန်သွားသည်မှာ တစ်ပတ်တင်းတင်းပြည့်ပြီးဖြစ်ပြီး မိုးဥတုဆီသို့တောင် ကူးပြောင်းနေချေပြီ။ ဆရာကြည်တို့ ရွာကလေးသည် မိုးခေါင်လွန်းသည့် ကျေးရွာဖြစ်သော်ငြား သည်တစ်နှစ်တွင်တော့ နှစ်စကတည်းက မိုးဖြိုင်ဖြိုင်ရွာနေချေပြီ။

ယခုလည်း အပြင်ဘက်တွင် မိုးပြေးကလေးများပြေးလွှားနေပြီး အေးစိမ့်စိမ့်ရှိလှသည်။ မကြာပေ။ ရွာတောင်ပိုင်းက ဆေးဆရာကြီး ဦးသာမညက သူကိုင်ဆောင်နေကျ ထီးကောက်အမည်းကြီးဖြင့် ထော့နင်းထော့နင်းရောက်ချလာသည်။ သူ့ခြေသံက ပြင်းတာမို့ ကြမ်းတစ်ခင်းလုံး လှုပ်ရမ်းသွားရလေသည်။

"ဆရာကြီးရယ် နောက်ကျလိုက်တာ...ကျုပ်တပည့်ကိုယ်ပူကြီးနေတာ နှစ်ရက်နဲ့တစ်ပိုင်းရှိနေပြီဗျ..."

"ကျုပ်လည်း ရွာမြောက်ပိုင်းက ဒေါ်ရွှေတင်ကြီးရဲ့ သား အကြီးကောင်လေးကိုလည်း သွားကြည့်ပေးနေရလို့ နောက်ကျရတာပါဗျာ..."

ဆရာကြီး ဦးသာမညက ဘာဘာညာညာထွေရာလေးပါး ထပ်လောင်းပြောမနေတော့ဘဲ အဖျားကြောင့် ကယောင်ကတမ်းအော်ဟစ်နေသော တစ်ခေတ်မောင်ကို စမ်းသပ်ပေးနေလေတော့သည်။ ကိုယ်ပူစမ်း၊ သွေးခုန်နှုန်းစမ်းပြီးနောက် သွားလေရာယူဆောင်နေကျ သူ့ဆေးလွယ်အိတ်ကြီးထဲမှ စက္ကူဖြင့် အကျအနထုပ်ထားသော ဆေးတစ်မှုတ်ကို ထုတ်ပေးလေသည်။

"ရော့ ဒါလေးကို ပျားရည်လေးနဲ့ ရောတိုက်ပေး...အစာစားပြီးမှ တိုက်နော်....သုံးကြိမ်လောက်သောက်ပေးလိုက်ရင် သက်သာသွားမှာပါ...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now