၁၁

2.1K 234 81
                                    

Unicode

"ငါတို့လို လူမျိုးတွေက သိပ်ကိုပဲ ရွံစရာကောင်းနေသလား...."

အစ်ကိုထွင်း၏ အမေးစကား၌ တစ်ခေတ်မောင်တစ်ယောက် စကားလုံးများ ပျောက်ရှကုန်၏။ ရွံစရာတဲ့လား။ ထိုကဲ့သို့ မတွေးဖူးဘူးဟု မငြင်းနိုင်ပေမဲ့ ယခုတော့ ထိုအတွေးမျိုးမရှိတော့ပြီမှန်း အာမခံနိုင်လေသည်။ သို့ပေမဲ့ အစ်ကိုထွင်းရဲ့ 'ငါတို့လို လူမျိုး' ဆိုသည်မှာ မည်သည်ကို အဓိပ္ပာယ်ဆောင်ပါသနည်း။

"အစ်ကိုထွင်းက----"

"မင်းတို့သုံးနှုန်းတဲ့ အခြောက်ဆိုတဲ့အသုံးအနှုန်းက သိပ်ကို ရင့်သီးလွန်းပါတယ်လေ တစ်ခေတ်မောင်ရယ်....ငါသည်လည်းပဲ အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ပြုမူရတဲ့ အချိန်အခါတွေရှိတာမို့ ထိုလူမျိုးတွေထဲ ငါလည်း အပါအဝင်ပဲလို့ မှတ်ယူတယ်....ငါနားမလည်တာက ငါတို့ဘဝက ပြက်လုံးတစ်ခုလား တစ်ခေတ်မောင်....သည်ဇာတ်အဖွဲ့တင်မဟုတ်ဘူး ငါသိသမျှ အငြိမ့်အဖွဲ့တိုင်းက ငါတို့ရဲ့ ဖြစ်တည်မှုကို ပြက်လုံးအဖြစ် အသက်သွင်းကြတယ်....ဒါဟာ မတရားရာ ကျမနေပေဘူးလား....သည်အတိုင်း တည်ရှိနေတဲ့ ငါတို့ တည်ရှိမှုကို သည်လိုမျိုးတွေ ခလုတ်တိုက်နေမှ ဖြစ်မှာလား...."

အစ်ကိုထွင်းမှာ ပြောရင်းပြောရင်းဖြင့် အသံများ တိုးတိမ်ဝင်သွားကာ မျက်ရည်များကသာ စကားလုံးများအဖြစ် ထွက်ပေါ်လာပေ၏။ ခပ်အေးအေး အပြုံးကလေးများမှ အပ အခြားသောအရာများ ဖန်တီးလေ့ဖန်တီးထ မရှိလေသော အစ်ကိုထွင်းထံ၌ မမြင်ဖူးခဲ့လေသော မျက်ရည်ဥကလေးများအား မြင်တွေ့ရချိန်တွင် တစ်ခေတ်မောင်၏ နှလုံးသားမှာ လက်တစ်စုံဖြင့် ဖျစ်ညစ်ခံရသကဲ့သို့ တင်းကြပ်နာကျင်လာရလေ၏။ အစ်ကိုထွင်းထံသို့ လျှောက်လှမ်းသွားမိပြီး အစ်ကိုထွင်းအား ရင်ခွင်ထဲသို့ ထည့်ဖွက်မိပါ၏။ အစ်ကိုထွင်းထံမှ လေးတွဲ့စွာ ပြန်လည်မှီတွယ်လာသော တစ်ခဏ တစ်ခေတ်မောင်မှာ အစ်ကိုထွင်း၏ ပုခုံးစွန်းလေးအား ဖျစ်ညစ်မိပါ၏။

"ကျုပ် ဆရာရသတို့ကို ပြန်ပြောပြီး အဲ့သည့်ပြက်လုံးကို ဖြုတ်ချလိုက်ပါ့မယ်....အစ်ကိုထွင်းကတော့ ကျုပ်အတွက်ပဲ ဖြစ်ဖြစ် အငိုတိတ်ပေးလှည့်ပါ....."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now