၃၃

1.4K 143 72
                                    

Unicode

တစ်ခေတ်မောင်တစ်ယောက် စံပယ်ရုံရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အလုပ်ရှုပ်နေတော့၏။ နေ့ဓဒူဝ မည်မျှပင် ကရိကထများနေပါစေ ဤစံပယ်ရုံအား ဂရုစိုက်ပေးဖို့ကိုတော့ဖြင့် မမေ့မလျော့တတ်ချေ။ ယခုဆိုလျှင် စံပယ်ရုံကြီးမှာ အတော်ပင် သန်စွမ်းနေပြီး တစ်ပင်ပြီးတစ်ပင် ပွားများနေလေပြီဖြစ်၏။ ပွားလာလေသော စံပယ်ပင်ပေါက်ကလေးများအား တစ်ခေတ်မောင်မှာ ကြိမ်ခြင်းတောင်းအသေးကလေးများထဲ အသေအချာ အစီအရီထည့်နေတော့၏။ သူ့မျက်နှာထက်၌လည်း ကျေနပ်အပြုံးကလေးချိတ်ဆွဲနေလျက်။

"သည်ပျိုးပင်တွေကို သွားရောင်းလိုက်ရရင်ဖြင့် အင်းးးးအများကြီးမဟုတ်တောင် အပိုငွေကလေးစုမိလောက်တယ်..."

အားပါးတရဖြင့် နှဖူးထက်မှ ချွေးများကိုလည်း ဖိ၍ သုတ်လိုက်သေးသည်။ မိုးလင်းခါစအချိန်တွင် ယခုကဲ့သို့ ချွေးတစီစီထွက်နေသူများ မည်မျှရှိလောက်မည်နည်း။ တစ်ခေတ်မောင်တစ်ဦးသာရှိလောက်သည်။

"အယ်...နေစမ်းပါအုန်း..."

မြေကြီးများအား ဂရုတစိုက်ဖြင့် ခြင်းတောင်းများထဲ ရွှေ့ပြောင်းနေရင်း အတွေးတစ်စကြောင့် လုပ်လက်စအလုပ်တို့ ရပ်တန့်သွားတော့သည်။ ယခုသူမှာ နောင်အနာဂတ်၌ အစ်ကိုထွင်းနှင့်အတူ နေထိုင်နိုင်ရေး အသေးစိတ်ကလေးများမှအစ စီစစ်ခြွေတာနေကာ ရသမျှ ပိုက်ဆံကလေးများအား စုမိဆောင်းနေမိခြင်း။ ယခုလည်း ပျိုးပင်ကလေးများရောင်းရင်း ငွေကလေးရှာချင်မိ၏။ ရသမျှ နှစ်ပဲခြောက်ပြားကလေးစုရင်းစုရင်းဖြင့် အနည်းမှအများသို့ ကူးပြောင်းနိုင်သည်လေ။ သို့ပေမဲ့ သူထိုသို့ ပြုလုပ်နေခြင်းသည် စံပယ်ပင်မိခင်ကြီးနှင့် စံပယ်ပင်ပေါက်ကလေးများအား ခွဲခြားရာရောက်နေမလားဟု ပေါက်တိပေါက်ရှာတွေးနေမိသည်။

"ဘာတွေလုပ်နေသလဲမောင်..."

"အမလေးဗျ!!!"

တစ်ခေတ်မောင်မှာ အတွေးများနေရသူမို့ ဆောင့်ကြောင့်ကလေးထိုင်ချမိသွားတော့သည်။ လှည့်ကာကြည့်လိုက်မှ သူ့ဖြစ်အင်ကိုငေးကာ မနိုင်သည့်ကလေးအား ကြည့်၍ရယ်နေသကဲ့သို့သော ပုံစံကလေးဖြင့် အပူအပင်ကင်းကင်းရယ်မောနေသူလေးအား တွေ့လိုက်ရတော့သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now