၃(Z)

905 41 0
                                    

Zawgyicode

ဆရာကြည့် အသိအိမ်သည် ဆိပ်ကမ်းအနီးအနားတွင်သာ ရှိသည်။ သိပ်ပြီး မသွားရ။ မိုးအနည်းငယ်စဲသွားချိန်တွင် ဆရာကြည်၏ အသိဆိုသူက ဆိုက်ကားတစ်စီးဖြင့် လာကြိုလေသည်။ တောင်းနှစ်တောင်း၊ လူသုံးယောက်မို့ ဆိုက်ကားဆရာမှာ လျှာထွက်မတတ် နင်းရလေသည်။ ကွမ်းတစ်ယာညက်ချိန်လောက်တွင် ထိုအသိအိမ်သို့ ရောက်ခဲ့သည်။

ဆရာကြည်၏ မိတ်ဆွေမှာ ဆရာကြည်နှင့် ရွယ်တူဖြစ်သော စာရေးဆရာတစ်ဦးဖြစ်သည်။ သိပ်တော့ နာမည်မကြီးလှပါ။ သူ့ကလောင် အမည်အား သိသူနည်းပါ၏။ သူ့နာမည်မှာ 'ဆရာမျိုး'ဟု သိရသည်။ ကလောင်ကိုတော့ သူထည့်မပြောပါချေ။ ဆရာမျိုးသည် စကားနည်းသော်လည်း သဘောကောင်းသောလူဖြစ်ပါ၏။ ဆရာကြည့်လို ပေါက်ပေါက်ဖောက်လိုက်ပြောနေတတ်သူမဟုတ်သော်ငြား ဧည့်သည်အပေါ် ဧည့်ဝတ်ကျေတတ်သောလူမျိုးဖြစ်ပါ၏။

ဆရာမျိုးအိမ်၌ တစ်ရက်မျှ နေထိုင်ပြီးသွားကာမှ အရင်းမူလ ဦးတည်ရာသို့ ထွက်လာခဲ့သည်။ တစ်ခေတ်မောင် မည်မျှစိတ်လောနေစေကာမူ လူမှုရေးဟူ၍ ရှိသေးသည်မို့ ဆရာမျိုးအိမ်တွင် တစ်ရက်ပြည့်အောင် နေရပေသည်။ သို့နှင့် စနေနေ့မနက်တွင် ထွင်းအက္ခရာ ဇာတ်သဘင်အိမ်သို့ ထွက်လာခဲ့လေသည်။ ထွင်းအက္ခရာ ဇာတ်သဘင်အား ရန်ကုန်မြို့တွင် မသိသူမရှိကြပါ။ သို့သော် ထူးဆန်းသည်မှာ ထွင်းအက္ခရာဇာတ်သဘင်အိမ် အဘယ်တွင်ရှိမှန်း မည်သူမျှ မသိကြ။ ဆရာကြည်ကတော့ အိမ်ရှင်တစ်ဦးနှယ် ရှေ့ကဦးတည်ရင်း ထွက်သွားလေသည်။

"ဆရာကြည်....ဆရာကြည်...ဆရာကြည်က ထွင်းအက္ခရာ ဇာတ်သဘင်အိမ် ဘယ်မှာရှိမှန်းသိလို့လား...."

ဘတ်စ်ကားဂိတ်တွင် တိုက်ပုံအင်္ကျီနှင့် ပုဆိုးကို ပုံမကျစွာ ဝတ်ဆင်ထားလျက် ကားစောင့်နေသော ဆရာကြည့်အား တစ်ခေတ်မောင် မနေနိုင်စွာလှမ်းမေးမိသည်။ ဘယ့်နှယ် လက်ကြီးနှစ်ဘက်နောက်ပစ်ပြီး မိန့်မိန့်ကြီးပုံစံဖြင့် ကားစောင့်နေပုံက မသိလျှင် သူသိသူတတ်ကြီးလို။ တစ်ခေတ်မောင် လှမ်းမေးတော့လည်း ပြုံးပြုံးကြီးလုပ်ကာ။

"မသိဘူးလေ...တပည့်ကြီးရဲ့...."

တစ်ခေတ်မောင် ကိုယ့်နှဖူးကိုကိုယ် ပြန်ရိုက်လိုက်မိသည်။ မေးမိသည့် သူသာ မှားပါ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now