၃၉

1.5K 153 57
                                    

Unicode

ဂျုံးဂျုံးဂျက်ဂျက်ခုတ်မောင်းနေပါသော ရထားကလေးပေါ်တွင် တစ်ခေတ်မောင်နှင့် ထွင်းအက္ခရာတို့ ငြိမ့်ငြိမ့်​ညောင်းညောင်းလိုက်ပါလာကြသည်။ နေ့လယ်ခင်းနေရောင်ခြည်ကလေးသည် သစ်ပင်ရိပ်များကြားမှ တိုးလျှိုးထွက်ကာ ရထားပြတင်းပေါက်ကိုကျော်၍ပင် နေရာယူနေကြသည်။ ထိုနေရောင်ခြည် ခပ်နွေးနွေးသည် ညင်သာစွာ မျက်ဝန်းများမှိတ်ထားကာ တစ်ခေတ်မောင် ပုခုံးအား ခေါင်းအုံးလုပ်မှီထားသည့် ထွင်းအက္ခရာ၏ မျက်နှာကလေးထံ ကျရောက်နေတော့သည်။ အကြင်နေရောင်ခြည်နုနုတို့၌ ထိုလူသားကလေးအား ထိခိုက်ပွန်းပဲ့စေလိုခြင်းအလျဥ်းမရှိဘဲ သဘာဝအရသာ နေရာယူနေရခြင်းဖြစ်တော့သည်။

သို့သော်လည်း အကြင်နေရောင်ခြည်နွေးနွေးတို့ခင်ဗျာ ထွင်းအက္ခရာမျက်နှာထက် ခပ်ကြာကြာပင် နေရာမယူနိုင်ကြ။ ကြီးမားကျယ်ပြန့်သော လက်ဖဝါးကြီး၏ ကာဆီးပိတ်ပင်ခြင်းကို တမဟုတ်ချင်းခံစားလိုက်ရတော့သည်။ ထိုလက်ဖဝါးပြင်ကျယ်ကျယ်က လူသားကလေး၏ ပါးပြင်အား လုံခြုံစွာပင် အရိပ်အမိုးပေးလျက်ရှိတော့သည်။

အစ်ကိုထွင်း၏ နေရောင်ထိုးစဥ်က အနည်းငယ်စုကြုံ့နေပါသော မျက်နှာကလေးသည် တစ်ခေတ်မောင်၏ လက်ဖဝါးအရိပ်အမိုးကြီးကျရောက်လာစဥ်တွင်တော့ ခပ်ဖြည်းဖြည်းပြေလျော့သွားလေတော့သည်။ ထိုအချင်းအရာကိုလည်း ကြင်နာရသူမှာ ခပ်ပြုံးပြုံးဖြင့်ငေးမိသည်။

"အစ်ကိုထွင်းက ဘာကြောင့်များ ဘယ်လိုနေနေ လှပအေးချမ်းနေရတာလဲဗျာ...."

ခပ်တိုးတိုးရေရွတ်လိုက်မိပါသော်လည်း ကာယကံရှင်ကလေးမှာတော့ အိပ်မောကျနေသည်ဖြစ်သည်ကြောင့် မကြားလိုက်ရပေ။ တစ်ခေတ်မောင်ကတော့ ချစ်ရသူအတွက် ပုခုံးကို ခေါင်းအုံးအဖြစ်၊ လက်ဖဝါးပြင်အား အမိုးအဖြစ်၊ နှလုံးသားအား အပေါင်ဆုံးပစ္စည်းအဖြစ် ပေးထားပြီးသားဖြစ်ချေသော်လည်း ထိုလူသားထံ မကြာခဏဆိုသလို ရှုံးနိမ့်နေဆဲဖြစ်သည်။

အစ်ကိုထွင်း၏ ရှင်းလင်းသေသပ်နေလေသော မျက်နှာကလေးအား ငေး၍ အတွေးရေယာဥ်အား ဂဟေဆက်မိသည်။ ယခုဆိုလျှင် အစ်ကိုထွင်းထံ ဆံနွယ်ရှည်များမရှိတော့ပြီ။ လည်တိုင်ဝင်းဝင်းမှာ ရှင်းလို့။ အမြဲတစေ ဆံနွယ်စရှည်ရှည်များနေရာယူတတ်သောမျက်နှာကလေးမှာလည်း ရှင်းလို့ပင်။ ဆံနွယ်ရှည်များကို မထုံးသင်တတ်၍ အမြဲတစေ အခက်တွေ့တတ်သော အစ်ကိုထွင်းမှာ ယခုတော့ မပူရတော့ပြီ။ အစ်ကိုထွင်း ဘယ်လောက်တောင် ပေါ့ပါးနေလိုက်မလဲ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now