၂၄

1.8K 193 76
                                    

Unicode

တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်ဟူသည် မထားလေဘဲ အလုံးစုံ ဖွင့်ဟပေးပြီးသည့်နောက် တစ်ခေတ်မောင်တို့နှစ်ဦး၏ နေ့ရက်များမှာ နေ့စဥ်နေ့တိုင်း ရာသီဥတုသာယာလှပေသည်။ သူတို့နှစ်ဦး နှစ်ဦးသဘောတူ ချစ်မြတ်နိုးနေကြသည်ကို အငြိမ့်အဖွဲ့သားများ တစ်ဦးတစ်လေမျှမသိကြပါ။ စပ်စပ်စုစုနိုင်လေသော ငပုသည်ပင် သူတို့နှစ်ဦးအကြောင်းအား မသိပါချေ။

တစ်ခေတ်မောင်တို့ နှစ်ဦးသားမှာလည်း ထိုအကြောင်းအား ဖွင့်ဟပြောချင်စိတ်မရှိပါ။ သာမန်မဟုတ်လေသော အမျိုးသားနှစ်ဦး၏ ချစ်မြတ်နိုးမှုကို ဘေးလူများက လက်သင့်ခံနိုင်ပါမည်တဲ့လား။ မည်မျှပင် ရင်းနှီးကျွမ်းဝင်သူများဖြစ်ပါစေ ယခုကဲ့သို့သော ချစ်ခြင်းမျိုးကို အားပေးလက်ခံပေးနိုင်မည်ဟုမထင်မိ။

တစ်ခေတ်မောင်သည် အစကတော့ဖြင့် အဖွဲ့သားအားလုံးအား အော်ဟစ်ကာ အစ်ကိုထွင်းနှင့်သူ ချစ်ကျွမ်းဝင်နေကြောင်း ပြောပြလိုက်ဖို့ အတွေးရှိလေသည်။ သို့ပေသော်လည်း အစ်ကိုထွင်းမှာ လက်သင့်မခံပါချေ။ သို့ကြောင့်မို့ ချစ်ရသူ မလိုလားသည်ကို သူရှောင်ကွင်းခြင်းဖြစ်သည်။ ဤကိစ္စအား လူအများရှေ့ ချမပြရပါလျှင်လည်း ရပါပေသည်။ လှစ်ဟချပြလျှင်လည်း တစ်ခေတ်မောင်ပျော်မည်သာ။ သို့ပေသော်လည်း သူ့တစ်ဦးတည်း ပျော်ရွှင်မှုအတွက် မြတ်နိုးရသူ၏ စိတ်ခံစားချက်အား မျက်နှာလွှဲခဲပစ်မလုပ်နိုင်ပါချေ။ မည်သို့သော အရာများဖြင့် ယှဥ်ယှဥ် တစ်ခေတ်မောင်အတွက်တော့ဖြင့် အစ်ကိုထွင်းကသာ ပထမဦးစားပေးမို့ပင်။

ထွင်းအက္ခရာသည်လည်း တစ်ခေတ်မောင်နှင့်ထပ်တူ လူသူအရှေ့တွင် ပေါ်ပေါ်တင်တင် ချစ်ခင်မြတ်နိုးချင်စိတ်ရှိပါ၏။ သို့ပေသော်လည်း ကံအပေးမှာမလှ။ ပတ်ဝန်းကျင်ဟူသည်ကလည်း ရှိလို့နေသေးသည်။ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး တွဲသွားတွဲလာလုပ်သည်ကိုပင် လက်ညှိုးထိုးအပြစ်ရှာချင်နေကြသော မြန်မာမှုပတ်ဝန်းကျင်တွင် နေထိုင်ရသည်မို့ အရာရာတွင် သတိတထားရှိနေရမည်လေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now