၃၆

1.5K 152 118
                                    

Unicode


"ရာ....ရာ့နာမည်ကို မှတ်မိရဲ့လား..."

"မှတ်မိတာပေါ့...ထွင်းအက္ခရာလေ..."

ကုတင်ထက်မှ အစ်ကိုထွင်းက ခပ်အေးအေး ဖြေ၏။ တစ်ခေတ်မောင်မှာ ဆေးရုံအခန်းထောင့်တွင် ငြိမ်သက်စွာ ရပ်နေမိရင်း သက်ပြင်းခိုးချမိသည်။ ဆရာဝန်ဝတ်စုံဖြင့် ဟယ်ရင်တန်ထူးမော်က အစ်ကိုထွင်း၏ အဖြေစကားကြောင့် ပြုံးကာ ခေါင်းတစ်ချက်ငြိမ့်ပြ၏။

"အခုရော နေရတာ ဘယ်လိုနေသလဲ...နေသာရဲ့လား..."

"ခြေထောက်တွေ နည်းနည်းနာတာက လွဲလို့ နေသာပါတယ်...."

ထိုစကားကြောင့် တစ်ခေတ်မောင်ရော ဟယ်ရင်တန်ထူးမော်ပါ မျက်နှာကွက်ခနဲ ပျက်၏။ အစ်ကိုထွင်း၏ ခြေထောက်များမှာ သာမန်လူတစ်ဦးကဲ့သို့ ကောင်းမွန်မလာနိုင်ကြောင်း ယခုထိ ဖွင့်မပြောဖြစ်ကြသေး။ အစ်ကိုထွင်းမှာ ယခုမှ သတိလည်ခါစ ရှိသေး၏။ စိတ်ပင်ပန်းစရာကိစ္စရပ်များ ပေးမသိချင်သည်ကြောင့် ထုတ်မပြောဖို့ရန် တစ်ခေတ်မောင်ကသာ မေတ္တာရပ်ခံထားရသည်။

"အင်း...ဒါဖြင့် ညနေကျ တစ်ခါ ကိုယ်လာကြည့်ပေးမယ်နော်...."

"ကျေးဇူးပါ ထူးမော်...."

"ရာနဲ့ကိုယ့်ကြား ကျေးဇူးတင်စရာလိုလို့လား ရာ...."

ထိုမျှပြောပြီးနောက် ထူးမော်မှာ အစ်ကိုထွင်းကို ကျောခိုင်းပြီးနောက် အခန်းထောင့်မှ တစ်ခေတ်မောင်အား ခပ်စူးစူးကြည့်လာ၏။ သို့သော် အဆုံးသတ်၌ သက်ပြင်းတစ်ချက်သာ ထွက်ပေါ်လာပြီး အခန်းတွင်းမှ ထွက်သွားချေတော့သည်။ ဟယ်ရင်တန်ထူးမော်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် အစ်ကိုထွင်းမှာ သူ့အား အားကိုးတကြီး ခေါ်လေတော့၏။

"မောင်~~"

"အင်း....မောင်လာပြီနော်...."

ခပ်တိုးတိုးဖြင့် မျှင်ပျပျခေါ်သံလေးနောက် တစ်ခေတ်မောင်မှာ ဖင်ပေါ့စွာ အစ်ကိုထွင်းအနား ဆွေ့ခနဲရောက်လာချေတော့သည်။ ပြီးသည်နှင့် အစ်ကိုထွင်း လက်ကလေးအား ဖွဖွကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် အစ်ကိုထွင်း နဖူးပေါ်မှ ဆံနွယ်များအား သပ်ပေးနေမိသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now