၂၉

1.4K 146 47
                                    

Unicode

ငါးမျက်နှာဘုရားပွဲမှာ ၈ရက်တိတိကျင်းပလေသော ပွဲဖြစ်လေသည်။ တပျော်တပါးဖြင့် အားပါးတရဆင်နွှဲနိုင်လေသော ထိုဘုရားပွဲမှာ ပွဲကြိုက်သူများအဖို့ အလွတ်မခံချင်စရာ ပွဲတစ်ခုပင်ဖြစ်လေတော့၏။ ထွင်းအက္ခရာ အငြိမ့်အဖွဲ့မှာတော့ ဒုတိယမြောက်ညမှစ၍ လေးရက်တိတိ ဖျော်ဖြေသွားမည်ဖြစ်လေသည်။ သို့ကြောင့်မို့ ပြေးမေးစရာပင်မလိုလေပဲ ထိုရက်များသည်သာ အစည်ကားဆုံးဖြစ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အငြိမ့်အဖွဲ့သားများမှာ ယခုပွဲအတွက်တော့ ပွဲခင်းအား ခပ်ကျယ်ကျယ်နေရာယူထားသည်။ ဤဘုရားပွဲမှာ ရွာနီးခြောက်စပ်ရွာပေါင်းစုံမှ လူအမျိုးမျိုး အများအပြားလာရောက်ကြသည်မို့ ပို၍စည်သည်လေ။ ပွဲကြည့်ခအား လူတန်းစားမရွေးတတ်နိုင်စေဖို့ရာ တစ်ဦးလျှင်သုံးကျပ်သတ်မှတ်ထား၏။ ကလေးငယ်များအတွက်မူ တစ်ကျပ်သတ်မှတ်ထားလေသည်။ ထွင်းအက္ခရာအငြိမ့်ပွဲကြော်ငြာဘုတ်အား ဘုရားပွဲအဝင်ဝတွင် ထီးထီးမားမားကြီး ချိတ်ဆွဲထားရာ ကာလသားများ ထိုနေရာတွင် တရုံးရုံးဖြစ်နေကြ၏။

"ဟေ့...နောင်ကြီးတို့...ကျုပ်ပြောတာ သည်မင်းသမီးပေါ့ဗျာ...မနှစ်က သည်လိုအချိန် လာဖျော်ဖြေသွားကတည်းက ကျုပ်မယ် စွဲကျန်ခဲ့တာဗျို့...သည်တစ်ခေါက်လည်း မလွတ်တမ်း ကြည့်ရမယ်ဗျ...."

"ညွှန်းလှချည်လားကွ....မှန်းစမ်း...မှန်းစမ်း..."

ထိုကာလသားက အရှေ့သို့ ပိုတိုးလာကာ အငြိမ့်ခေါင်းဆောင်မင်းသမီးထွင်းအက္ခရာ၏ ပုံတူပန်းချီအား အသေအချာ ကြည့်နေလေတော့သည်။

"ပြောသလောက်လည်း စွဲစရာမရှိပါဘူးဗျာ...."

"အိုဗျာ...ဘယ်လိုပြောလိုက်သလဲ....ဒါက ပန်းချီဗျ....သည်ပန်းချီက သူ့အလှကို မှီအောင်မဆွဲနိုင်ရုံပါ...."

"မင်းဟာကလည်း ဟုတ်ကောဟုတ်ရဲ့လား...."

မသင်္ကာသလို သူဆိုလိုက်မိသည်။ သူကြည့်ရသလောက် ထိုမင်းသမီးတွင် စွဲရလောက်သည်အထိ ထူးထူးခြားခြားချောလှမနေ။ ဆံထုံးမြင့်မြင့်ထက် တစ်ပွင့်သောနှင်းဆီအား ပန်ဆင်ထားသော ထိုအမျိုးသမီး၏ အချိုးအချိတ်ကျကျ အကဟန်ရေးပြနေပုံပန်းချီမှာ လှပနေပါ၏။ သို့သော်လည်း ထိုမျှလောက် ထူးခြားမနေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now