၁၃

2K 218 55
                                    

Unicode

ထွင်းအက္ခရာတို့ အငြိမ့်ကရမည့်နေရာသည် ဘုန်းကြီးကျောင်းဘေးကပ်လျက်ရှိ မြေကွက်လပ်ကြီးတွင် ဖြစ်သည်။ တရားပွဲများ၊ အငြိမ့်ပွဲများ၊ အလှူပွဲများကို ထိုမြေကွက်လပ်ကြီးတွင် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါ၏။ ယခုအခါသည် မေမြို့ရှိ မြို့မျက်နှာဖုံး သူဌေးကြီးများစုပေါင်းကာ ထမင်းရည်ချောင်းစီး မောင်းတီးလှူမည့် အလှူကြီးဖြစ်ပေ၏။ ဘုန်းကြီးကျောင်းတွင် သုံးရက်တိတိ ဆွမ်းကပ်လှူကြမည်ဖြစ်ပြီး ညပိုင်းအချိန်များတွင် သဘင်ပွဲရှိမည်ဖြစ်သည်။

"ဆိုင်းဝိုင်းတွေ အသေအချာနေရာချနော်...ဆရာကြီးတို့ ရောက်ပြီမဟုတ်လား...."

ဆိုင်းဆရာကြီးများမှာ အနည်းငယ် အသက်ရနေပြီမို့ ကားတစ်စီးဖြင့် နောက်မှ သပ်သပ်လိုက်လာခြင်းဖြစ်သည်။ တစ်ခေတ်မောင်တို့ ရောက်ရှိပြီး နောက်မနက်တွင်တော့ ဆိုင်းဆရာကြီးတို့ ရောက်ရှိလာပြီဖြစ်သည်။

"ရောက်ကြပါပြီ ဆရာရသ....ဆွမ်းစားဆောင်မှာ နားနေကြပါတယ်...."

"အေးအေး ပြီးတာပဲ...ဆီမီးတိုင်တွေကော အသေအချာဆင်ပြီးပလား...."

"ဆင်နေပါတယ် ဆရာရသ...."

"အေးအေး အသေအချာလုပ်ကြ..."

ဆရာရသတစ်ယောက် ချွေးဒီးဒီးကျနေတော့သည်။ ကျဆို သူ့မယ်လည်း မနက်လင်းကတည်းက အလုပ်လုပ်နေရသည်မဟုတ်ပါလား။ ဇာတ်စင်အပြင်အဆင်၊ မီးအတပ်အဆင်၊ ဆိုင်းဝိုင်းအထားအသို၊ ပွဲခင်းအပြင်အဆင်မှသည်  ကတ္တီပါလိုက်ကာကြီးတပ်ဆင်သည်အထိ အသေးစိတ် လိုက်လံပြောကြား လုပ်ဆောင်နေရသည်လေ။ အလှူပွဲကြီးမှာ မနက်ဖြန် စတင်မည်ဖြစ်ပြီး ဇာတ်စင်အပြင်အဆင်များကို ယနေ့တွင် အပြီးသတ် ပြင်ဆင်ရမည်ဖြစ်သည်။

"တစ်ခေတ်မောင်ရေ.....စင်နောက်ကို သေတ္တာတွေ ပို့မယ်ဟေ့...."

"ဟုတ်ကဲ့ ဆရာရသ...."

ခိုင်းသမျှ မညည်းမညူလုပ်တတ်နေသော တစ်ခေတ်မောင်သည်လည်း အနားမနေရပါ။ ဇာတ်စင်နောက် ယာယီတဲများ ဆောက်လျှင်လည်း သူပင်၊ ပစ္စည်းပစ္စယာသယ်လည်း သူပင်၊ နေရာချလည်းသူပင်။ ဇာတ်စင်နောက်ဝင်ကာ သေတ္တာများကို နေရာချနေလိုက်သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now