2.6K 281 46
                                    

Unicode

ညစာစားသောက်ပြီးချိန်တွင် အသီးသီးအိပ်ယာဝင်ကြသည်။ ကိုကြီးသာကူတို့မှာ တစ်ခေတ်မောင်ကို စေ့စေ့မကြည့်သလို စကားလည်း မဆိုပါပဲ အခန်းထဲ ဝင်သွားလေ၏။ တစ်ခေတ်မောင်တစ်ယောက် မျက်နှာငယ်လာလေသည်။ တစ်ဦးတည်းဟူသော ခံစားချက်က ပြည့်နှပ်လာကာ ခန္ဓာကိုယ်ကြီးသော်လည်း နှလုံးသားနုသော တစ်ခေတ်မောင်မှာ ငိုချင်းချချင်လာသလိုပင်။

"သာကူတို့က မင်းကို စိမ်းနေသေးလို့ပါကွာ...."

ကိုကြီး ငမှေးက တစ်ခေတ်မောင်၏ ပုခုံးကို ခပ်ဖွဖွပုတ်ပေးရင်း ဆိုလေ၏။ အနည်းငယ် သက်သာသလိုရှိပေမဲ့ သက်ပြင်းချလို့မပြီးနိုင်သေးသော တစ်ခေတ်မောင်ပါလေ။

"မင်း အိပ်ချင်နေပြီလား....."

"ကျုပ်မအိပ်ချင်သေးပါဘူး....."

"ဒါဆို အိမ်ရှေ့မှာ ခဏထိုင်ကြမလား....."

တစ်ခေတ်မောင် ခေါင်းငြိမ့်ပြလိုက်တော့ ကိုကြီးငမှေးမှာ ပုခုံးကိုဖက်လျက် ခေါ်လာလေ၏။ အိမ်ကြီးထဲရှိ အနည်းငယ် မကောင်းမမွန်ဖြစ်နေသော စံပယ်ရုံကြီးဘေးတွင် ထိုင်စရာနေရာကလေးရှိသည်။ အုတ်အကျိုးတို့ကို စုထားသော ထိုအမို့အမောက်လေးအပေါ်တွင် နှစ်ဦးသား ထိုင်နေလိုက်လေသည်။ ရန်ကုန်မိုးက အနည်းငယ် စိမ့်သည်။ ညအချိန်ဖြစ်သည်ကြောင့် ပို၍ အေးနေသယောင်ယောင်။

"ငါလည်း မင်းလိုပဲ..... အဖွဲ့ထဲစရောက်တုန်းက ငါလည်းတစ်ယောက်တည်းပဲ....."

ကိုကြီးငမှေးက လင်းထိန်နေသော လပြည့်ဝန်းအား မော့ကြည့်ကာ ဆွေးဆွေးမြေ့မြေ့ပြောသည်။ ကောင်းကင်ကြီးသည် တိမ်များကင်းစင်ကာ ကြည်လင်နေသည်။ မိုးရွာ၍ ဝသွားသောကြောင့် သူ မဟုတ်တော့သလို ကြည်လင်ပြနေခြင်း။ မည်မျှ ချစ်ဖွယ်ကောင်းလိုက်သနည်း။

"တစ်ခေတ်မောင်....."

"ခင်ဗျာ....."

ကိုကြီးငမှေးကို လှည့်ကြည့်လိုက်လေသည်။ ကိုကြီးငမှေး၏ နားသယ်စပ်တွင် ပေါက်ရောက်နေသော ဆံပင်ဖြူများသည် လရောင်အောက်တွင် အထင်းသား။ သို့ပေမဲ့ ကိုကြီးငမှေးဟာ သွက်တုန်းလက်တုန်း သန်မာတုန်းပင်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now