၁၉

1.8K 204 20
                                    

Unicode

"~~တကူကူးကူ....တကူကူးကူ~~
~~ထူးတင့်သံသာ မြူးရွှင့်မှန်စွာ~~
~~ရွှေချိုးဖြူမယ် ကူတယ်လေ~~
~~ကူမယ် နေမယ် ကြူတယ် ကြူတယ်~~
~~မ, သံပေးလို့ကူ~~~
~~သံဆာဆာ ဖန်ခါခါ~~
~~သာသာယာယာဆိုတဲ့ ~~
~~ညိုနွဲ့ကြိုတဲ့ ချိုမြည်သံတွေ~~
~~~တကူကူးကူ~~~"

ချိုမြကြည်လင်သော အသံကလေးကြောင့် အိုးပုတ်ဂျိုးရုပ်ဖြင့် ဆော့ကစားနေရာမှ ခေါင်းလှုပ်ရှားကစားကာ ရှာဖွေကြည့်မိသည်။ လရောင်ခိုသည့်နေရာလေးတွင် ပုခက်အတွင်းမှ ကလေးအား သီချင်းကလေးဆိုကာ ချော့သိပ်နေသူ။ ထိုအမျိုးသမီးမှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်ပါ၏။ ပါးရည်နားရည်များတွန့်ကာနေပြီး ခါးလည်းအနည်းငယ်ကိုင်းနေပါပြီ။ သူမမျက်နှာထက်တွင်တော့ လရောင်ပမာ ကြည်လင်အေးမြလှသော အပြုံးတစ်ပွင့်ချိတ်ဆွဲလို့ပင်။ ပုခက်စွန်းနှစ်ဖက်အား လက်ဖြင့်ဆုပ်ကိုင်လျက် ခပ်ဖြည်းဖြည်းခပ်လွှဲနေသော သူမကို အကြည့်မခွာနိုင်ဘဲဖြစ်နေရသည်။

"~~တကူကူးကူ~~တကူကူးကူ~~
~~ရွှေချိုးဖြူမယ် ကူတယ်လေ ~~
~~ကြူ. ကြူ. ကြူလို့နေ~~
~~ချိုညင်းသံသာ ကြိုရင်းဖန်ခါ~~
~~ကူကူကူးလို့ မြူချိုစွာ သူဆိုကာ~~
~~ကူကူကူကူးကူလို့သာ~~"

ပုခက်တွင်းမှ ကလေးအား အကြည့်မလွှဲလေပဲ အေးမြသော အသံဖြင့် ချော့မြူသိပ်နေသူ။ လိမ္မာလွန်းသည့် ကလေးငယ်မှာလည်း တအီအီဖြစ်မနေပါချေ။ မျက်ဆံကလေးပြူးလျက် သူမ၏ မျက်နှာကလေးကို မော်ကြည့်ကာ ကောင်းမွန်စွာ သီချင်းနားထောင်နေပုံရပါ၏။

"~~တကူကူးကူ~~တကူကူးကူ~~
~~လေနှင်ရာ တိမ်ကြောထက်ဝဋ္ဌာ~~
~~ယှက်တောင်ပံ ငှက်မောင်နှံ~~
~~ရွှေလည်တွဲ ပျံဝဲ ပျော်လို့သာ~~
~~မြင်သူ သွင်ကူ ရွှင်မြူးချင်လှပါ~~
~~တကူကူးကူးးးးးးး~~"

ထိုအမျိုးသမီးကြီးမှာ ကလေးချော့သိပ်နေရာမှ သည်ဘက်သို့ လှည့်ကြည့်ကာ နူးညံ့စွာ ပြုံးပြပြန်လေသည်။ ထိုအမျိုးသမီး၏ အပြုံးမှာ မြင်သူကိုပင် လိုက်လံပြုံးရယ်မိစေသည်အထိ စွမ်းဆောင်နိုင်လေသည်။ မိမိကိုယ်ပင် သတိမမူမိဘဲ အူလှိုက်သဲလှိုက်ရယ်မောမိတော့သည်။ ကလေးငယ်၏ တခစ်ခစ်ရယ်သံမှာ လရောင်ဖြာနေသော နှစ်ထပ်အိမ်လေးအတွင်း ပြည့်နှပ်သွားသည်နှင့် ထိုအမျိုးသမီးကြီးမှာ နှုတ်ခမ်းထက် လက်ညှိုးလေးနေရာယူကာ တိုးတိုးတိတ်တိတ်နေရန် ဟန့်တားလာတော့သည်။ အရယ်မပြတ်နိုင်သူမှာတော့ အောင့်အီးကာ ရယ်နေသေးသည်။ သို့နှင့် ထိုအမျိုးသမီးမှာ ပုခက်အတွင်းမှ ကလေးငယ်ဘက်သို့ ပြန်လှည့်ကာ သီချင်းနောက်ဆုံးပိုဒ်အား ဆိုညည်းလေတော့သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now