အချပ်ပို၂

1.8K 153 137
                                    

Unicode

"~~စံပယ်တစ်ကုံးဖြင့် သူ့ကိုပန်ပေးချင်တယ်~~
~~ကိုယ်ကိုယ်တိုင် ရွေးလို့သီမယ်~~
~~မေးပါရစေ ပျိုခင်သက်ထားမျက်ခြယ်~~
~~ငြင်းပယ်မှာလား ချစ်သူရယ်~~"

စံပယ်ငုံတွေအား ကြိမ်ဇကာကလေးဖြင့် ခူးလိုက် သီချင်းကလေးညည်းလိုက်ဖြင့် တစ်ခေတ်မောင်တို့ အလုပ်များလို့နေ၏။ မနက်တိုင်း အစ်ကိုထွင်းအတွက် စံပယ်ငုံတို့ ခူးဆွတ်သီကုံးပေးရသည်ကို သူ့မယ် အကျင့်ဖြစ်လို့နေပြီ။ စံပယ်ငုံတို့ခူးပြီးမှ မသီပေးရပါလျှင် ကိုယ်လက်တို့ကိုက်ခဲကာ နေမထိထိုင်မသာဖြစ်တတ်တော့၏။ ယခုလည်း သီချင်းကလေး တအေးအေးဖြင့် စံပယ်ရုံနား ဆောင့်ကြောင့်ထိုင်ကာ စံပယ်ငုံတို့အား စိတ်ရှည်လက်ရှည် ခူးဆွတ်နေမိ၏။

"~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~
~~ကြည်လင်ပျံ့မွှေးကြူတယ်~~
~~ကိုယ့်မေတ္တာ စေတနာမိုးကကြွယ်~~
~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~"

အချစ်ဦးလည်းဖြစ် အချစ်ဆုံးလည်းဖြစ်သူ အစ်ကိုထွင်းအတွက် လုံလုံလောက်လောက် ခူးဆွတ်ပြီးပြီမို့ တစ်ဖက်သို့လှည့်ကာ ပြန်ထမည်အလုပ်တွင် သူ့အား ဆောင့်ကြောင့်ကလေးထိုင်ကာ ပြုံးပြုံးကလေးငေးနေပါသော အစ်ကိုထွင်းကြောင့် လန့်ဖြန့်ကာ နောက်ပြန်လဲတော့၏။ လက်ထဲမှ စံပယ်ငုံတို့ဖွေးနေသော ကြိမ်ဇကာကလေးကိုတော့ဖြင့် အသက်နှင့်လဲကာ ကာကွယ်ထားသည်မို့ မှောက်မသွားချေ။

"အမလေးဗျ!!!"

"ဟော မောင်!!!"

အစ်ကိုထွင်းက ပြာပြာသလဲဖြင့် သူ့အားလာ၍ ထူပေးတော့၏။ တစ်ခေတ်မောင်မှာ မျက်နှာကလေးရဲ၍ ရှက်နေမိတော့သည်။ အစ်ကိုထွင်းရှေ့ဆိုလျှင် အမြဲတစေ အရာရာနှင့်အကြောင်းကြောင်း၊ အလွဲလွဲနှင့်အချော်ချော်ပင်။

"မောင်ရယ်....ငါက အဲ့သည့်လောက်ပဲ လန့်စရာကောင်းနေလို့လားလေ...."

"မ...မဟုတ်ပါဘူး....မောင့်ဘာသာ လန့်သွားလို့ပါ...."

အစ်ကိုထွင်းမှာတော့ သူ့အား စိုးရိမ်တကြီး ထူကာ ထစေပြီး မျက်နှာကလေးညှိုးနေတော့သည်။ တစ်ခေတ်မောင် ဖုတ်ဖတ်ခါလိုက်ပြီးနောက် ချောင်းကလေးဟန့်ကာဆိုရတော့သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now