နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)

1.2K 116 24
                                    

Unicode

"အစ်ကိုထွင်းရေ...ရေချိုးလို့ရပြီဗျို့!!!"

"လာပြီမောင်ရေ!..."

အစ်ကိုထွင်း၏ တုံ့ပြန်စကားသံကြားကာမှ တစ်ခေတ်မောင် ရေနင်းနေသည်ကို ရပ်လိုက်သည်။ ရေနင်းတယ်ဆို၍ သိပ်များ ထူးဆန်းသွားလေသလား။ တစ်ခေတ်မောင်တို့ဆိုသည်မှာ နည်းနည်းတော့ ထူးလိုက်ရမှမဟုတ်လား။ ရေတုံကင်ကို နင်းရသည့် အိမ်မှာ တစ်ရွာလုံးတွင်မှ တစ်ခေတ်မောင်တို့ တစ်အိမ်တည်းရှိလေ၏။ အများတကာ လက်ဖြင့် ရေနှိပ်ရသည်ကို တစ်ခေတ်မောင်တို့ကတော့ ခြေဖြင့် နင်းလို့ရစေရန် ကိုယ်တိုင်ဖန်တီးထားသည်။

ဦးစွာ တုံးတစ်ခုခံ၍ တုံကင်ပေါ်တက်ရသည်။ ခြေနင်းပြားနှစ်ခုပေါ် မတ်မတ်ရပ်ရ၏။ ရေတုံကင်တစ်ဖက်တစ်ချက်စီတွင် ဝါးရှည်ရှည်နှစ်လုံးထောင်ထားသည်မို့ လက်ကိုင်အဖြစ် အသုံးပြုနိုင်သည်။ ​ဘယ်ညာခြေနှစ်ဖက်ကို တင်၍ တစ်ဖက်ကိုနင်းချ၊ တစ်ဖက်ဖော့ထားကာ တစ်လှည့်စီ လုပ်ရင်း ရေနင်းရသည်။ ထိုအခါ ရေထွက်လာ၏။ လက်နှင့်လုပ်ပါလျှင် လက်အံသေလောက်သည်အထိ နာကျင်ရသည်မို့ ထိုသို့ ဖန်တီးလိုက်သည်က အတော်သက်သာစေ၏။ ခြေနှစ်ချောင်းကို ဖိလိုက်ဖော့လိုက်လုပ်ရသည်မို့ လေ့ကျင့်ခန်းလည်းဖြစ်ပြန်၏။

"မောင် ဆင်းခဲ့တော့လေ..."

အစ်ကိုထွင်းတစ်ယောက် ပုဆိုးလေးဝတ်လျက် အပေါ်ပိုင်းဗလာဖြင့် ထွက်လာကာပြောလေတော့၏။ တစ်ခေတ်မောင်က နဂိုအရပ်ရှည်သူမို့ ရေနင်းခုံပေါ်တက်လိုက်သည်နှင့် လေး၊ငါးအိမ်ကို လှမ်းကြည့်နိုင်၏။

တစ်ခေတ်မောင် ရေနင်းခုံပေါ်မှ ပေါ့ပေါ့ပါးပါးဆင်းလိုက်သည်။ တစ်ခေတ်မောင်၏ မျက်နှာကြီးမှာ အနည်းငယ်တော့ ရှုံ့မဲ့နေ၏။

"ညတောင်မှောင်တော့မယ်လေ အစ်ကိုထွင်းရယ်...မချိုးပါနဲ့တော့လား..."

"မရပါဘူး မောင်ရယ်.. ရေမချိုးရင် မနေတတ်ဘူး မောင်ရဲ့..."

အစ်ကိုထွင်းက စောဒကတက်တော့ တစ်ခေတ်မောင်မျက်နှာကြီး ပိုမဲလာလေပြီ။

"ဆောင်းတွင်းကြီးကို...မှောင်ခါမှ ရေချိူးတော့ အစ်ကိုထွင်း ချမ်းမပေါ့..."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now