၁၇

1.8K 215 55
                                    

Unicode

မနေ့ညက အဖြစ်အပျက်တို့အား မည်သူမျှ အမေးမပြုလာခဲ့ပါချေ။ မျက်ရည်များကြောင့် မျက်နှာချေမှုန့်များပျက်ယွင်းကာ ဆံနွယ်များဖားလျားနှင့်ပြန်လာသည့်သူ့ကိုလည်း မည်သူကမျှ ဘာဖြစ်သလဲဟု ဆီးကြိုကာ မမေးမြန်းသည်ကိုပင် ကျေးဇူးတင်ရပေမည်။ အကယ်၍သာ မေးမြန်းလာလျှင် သူ့တွင် ဖြေစရာအဖြေပင်မရှိပေ။ သူ့အဆာင်သို့ ရောက်ရှိပြီး မကြာသည့်အချိန်တွင် ညီမငယ်မွှေးရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာတော့သည်။ ထိုအခါမှ ဆရာရသလည်း တရေးနိုးလာကာ ပြူးပြူးပြာပြာဖြစ်သွားရတော့သည်။ ထွင်းအက္ခရာမှာတော့ မည်သည်ကိုမှ ရှင်းပြချင်စိတ်မရှိသည်မို့ ညလယ်ခေါင်ကြီး ရေထချိုးနေခဲ့မိသည်။

ကြည့်ရသည်မှာ ညီမငယ်မွှေးမှ အလုံးစုံ ရှင်းပြသွားသည်ထင်ပါ၏။ ဆရာရသမှာ သူ့အား မည်သည်မှ မေးမလာပါ။ ထိုညတွင် တစ်ခေတ်မောင်သည်လည်း အဆောင်တွင် ပြန်မအိပ်ခဲ့ချေ။ ထွင်းအက္ခရာ၏ ဘေးအိပ်ရာမှာ လွတ်လပ်နေသည်မို့ ကြောက်ရွံ့နေခဲ့မိသော်လည်း အောင့်အီးသည်းခံကာ တစ်ညကုန်ဆုံးခဲ့ရသည်။ မနေ့ညမှ အဖြစ်အပျက်များကြောင့် ​ဝမ်းနည်းငိုကြွေးခဲ့ရသည်မို့ မနက်လင်းချိန်တွင် သူ့မျက်ဝန်းများ ဖောင်းအစ်နေခဲ့သည်။ တစ္ဆေကြောက်တတ်သူ သူ့အတွက် ဘေး၌ တစ်ခေတ်မောင်မရှိခြင်းသည်လည်း ကြီးစွာသော လစ်ဟာမှုကို ခံစားရစေကာ တစ်ညလုံး ကောင်းမွန်စွာ အိပ်မပျော်ခဲ့။

ယနေ့တွင် ချက်ချင်း ရန်ကုန်ပြန်မည်ဟု ဆိုလာသော ဆရာရသကြောင့် နွမ်းနယ်နေသော စိတ်ကိုချိုးနှိမ်ကာ ပစ္စည်းပစ္စယာများ သိမ်းဆည်းနေခဲ့ရသည်။ တစ်ညလုံးလည်း တစ်ခေတ်မောင်ကို မတွေ့သလို မနက်တွင်လည်း တစ်ခေတ်မောင်ကို ရှာမတွေ့။ ဘုန်းကြီးကျောင်းဝန်း တစ်ဝန်းလုံး ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေပါသော်လည်း ရှာလို့မတွေ့။

*ဘယ်တွေများ ရောက်နေသလဲ တစ်ခေတ်မောင်ရယ်....*

စိုးရိမ်ပူပန်စိတ်တို့၏ နောက်ဆက်တွဲအဖြစ် သက်ပြင်းချသံက ဆက်လက်နေရာယူလေ၏။ သူ့မျက်စိရှေ့မှ အရာရာသည် သက်ဝင်လှုပ်ရှားနေပါသော်ငြား သူ့ရင်အစုံအတွင်း သုဿာန်တစပြင်ကဲ့သို့ ခြောက်သွေ့တိတ်ဆိတ်နေပါ၏။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now