မောင့်ဒိုင်ယာရီ

1.3K 95 50
                                    

Unicode

အဖျားတက်နေပြီထင်ပါရဲ့။ တစ်ကိုယ်လုံး ပူတူတူ ရှိန်းတိန်းတိန်းကြီး ခံစားနေရတာဗျ။ ကျုပ်က အပေအတေခံနိုင်တဲ့လူလို့ ဆရာကြည်က အမြဲ ချီးကျူးလေ့ရှိတယ်။ ကျုပ် ဖျားတယ် နာတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ သည်ညတော့ ကျုပ်ဖျားလေပြီ။ ဘာကြောင့်လဲဆို နေပူကျဲတဲထဲ ဖိနပ်မပါဘာမပါနဲ့ ပြေးလွှားခဲ့မိသည်ကို။ အချစ်ဇောကြောင့် ပူလို့ပူမှန်း၊ မောလို့မောမှန်း၊ ဖျားနာလို့ ဖျားနာမှန်းတောင် ကျုပ်မသိတော့ပြီ။

...........

သည်ညလည်း ကျုပ်ဖျားနေတုန်းမို့ သည်လောက်ပဲ ရေးနိုင်မယ်ထင်ရဲ့။

..........

သည်နေ့ နေ့လည်မတော့ ဆေးဆရာကြီး ဦးသာမည ကျုပ်ကို လာကြည့်ပေးခဲ့တယ်။ တစ်ဆက်တည်း ဆရာကြည့်ဆီက အကြားချင်ဆုံး စကားတစ်ခွန်းကြားခဲ့ရတယ်။ ကျုပ်ကို ရန်ကုန်ကို လိုက်ပို့ပေးမတဲ့လေ။ ကျုပ်ဖြင့် ပျော်လိုက်တာဆိုတာလေ။ နေမကောင်းဖြစ်နေတာတောင် မေ့လျော့ပြီး ထခုန်မိမတတ်ပဲ။ အဲ့သည်နေ့ကလည်း နှစ်ရက်ဆက်တိုက် စွေနေခဲ့တဲ့ မိုးဟာ တိတ်သွားခဲ့တယ်လေ။

...........

ဆရာ့ကြည့် အသိအကျွမ်း ဆရာမျိုးရဲ့ အဆောင်ခန်းဟာ ခပ်ကျဥ်းကျဥ်း။ ကျုပ်က အအိပ်ကြမ်းတဲ့ လူမျိုးမဟုတ်ပေမဲ့ ဟိုသည်လှည့်ပြီး အိပ်တတ်တဲ့ အကျင့်ရှိလေတော့ အခန်းကျဥ်းလေးထဲ ကျုပ် အိပ်မပျော်လေဘူး။ ထွင်းအက္ခရာနဲ့ တွေ့ဖို့ရာ စိတ်လှုပ်ရှားနေခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခက်ခဲမယ်ဆိုပေမဲ့ ခုန်နှုန်းမြန်နေတဲ့ နှလုံးသားကို ဖိညှစ်ရင်း သည်ညတော့ အိပ်မပျော်ပျော်အောင် သည်းခံအိပ်ရပါတော့မယ်။

...........

သည်နေ့တော့ ကျုပ် ဘာဆိုဘာမျှ မရေးချင်တော့ဘူး။ သည်မှတ်တမ်းကလေးတွေကို ချစ်ရသူအတွက် ရည်စူးပြီး စတွေ့ချိန်ကတည်းက မှတ်တမ်းတင်ရေးထားမယ်လို့ စိတ်ကူးထားပေမဲ့ သည်နေ့တင် အဲ့သည့်စိတ်ကူးကလေးကို ဖျက်သိမ်းလိုက်ပါတော့မယ်။ သည်စာအုပ်အနွမ်းကလေးထဲ သည်စာမျက်နှာဟာ နောက်ဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်။ နေရာစိမ်းမှာ ပထမဆုံး ဟင်းခူးခပ်ထည့်ပေးသူအဖြစ်တော့ သူ့ကို ကျေးဇူးတင်နေပါ့မယ်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now