၃၀

1.4K 151 34
                                    

Unicode

"ဝှား!!!! မိုးတောင်လင်းသွားပါပြီလား...."

တစ်ခေတ်မောင်တစ်ယောက် သမ်းဝေလိုက်ကာ ကောက်ရိုးပုံပေါ်တွင် ငုတ်တုတ်ထထိုင်မိတော့သည်။ အိပ်ချင်မူးတူးဖြစ်နေလျက် မျက်လုံးများအား ဖြေးညင်းစွာ ပွတ်သပ်နေမိသည်။ ဆံပင်ဘုတ်သိုက်ပေါ်တွင်ကော ခန္ဓာကိုယ်ပေါ်တွင်ပါ ကောက်ရိုးမျှင်များ ရှုပ်ပွစွာနေရာယူနေ၏။

"သူခိုး!!!! သူခိုးဗျို့ သူခိုး!!!"

"ဗျာ!!! ဗျာ...သူခိုး!!! ဘယ်မလဲ သူခိုး!!!"

သူခိုးဟူသော အော်သံစူးစူးကြောင့် မျက်လုံးကျယ်သွားကာ ကောက်ရိုးပုံပေါ်မှ လွှားခနဲ ခုန်ဆင်းမိသည်။ ဘေးရှိ တွေ့ရာတုတ်ကို ကောက်ဆွဲပြီး သူခိုးအား ထုရိုက်ရန် အသင့်အနေအထားပြင်ထားလိုက်သည်။

"ယောက်ျားရေ!!! သည်မှာ သူခိုးက တုတ်တွေပါ ကောက်ဆွဲနေပြီဗျို့!!!"

"ဘယ်မလဲ တုတ်ကောက်ဆွဲတဲ့ သူခိုး....အာ.....ကျုပ်...ကျုပ်ကို ပြောနေတာလား...."

ရှူးရှူးရှဲရှဲဖြစ်နေရာမှ ကြောင်တိကြောင်ကြားဖြစ်သွားရတော့သည်။ သူ့ခပ်လှမ်းလှမ်းမှသည် သူ့အား ကြည့်ကာ သူခိုးဟုအော်နေသော အဒေါ်ကြီးကြောင့်သာ သူ့အား ရည်ရွယ်မှန်းသိတော့သည်။ လက်ထဲမှ တုတ်အား ဝေးဝေးသို့ ပစ်ချလိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြန်မေးနေမိတော့သည်။ ထိုအချိန်တွင် ပေါက်တူးကြီး ကိုင်လျက် အိမ်ရှေ့ပြေးလာသော လူကြီးတစ်ဦးမှာ ထိုအဒေါ်ကြီးအား စိုးရိမ်တကြီးမေးလေတော့သည်။

"ဘယ်မလဲ သူခိုး!!! "

"ဟို...ဟိုမှာလေ...ကောက်ရိုးပုံဘေးမှာလေ...."

"အာဗျာ!!!! ကျုပ် သူခိုးမဟုတ်ရပါဘူးဗျ...."

တစ်ခေတ်မောင်မှာ ပြာပြာသလဲ ငြင်းဆန်ရတော့သည်။ ထိုဦးလေးကြီးမှာတော့ တစ်ခေတ်မောင်အား ခေါင်းအစခြေအဆုံး အစုန်အဆန်ကြည့်နေလေတော့သည်။ ပြီးနောက် နှာခေါင်းရှုံ့ကာ ပေါက်တူးအား အသင့်အနေအထားဖြင့် ရွယ်ထားတော့သည်။

"သူခိုးမဟုတ်ရင် ဘာတုန်း....ငါ့ကောက်ရိုးပုံပေါ် တက်အိပ်နေတယ်ဆိုတော့ မင်းက သူခိုးမဟုတ်ရင် အရူးပဲ ဖြစ်ရမယ်...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now