Chapter 2

1.9K 171 4
                                    

Unicode

နောက်ဆုံးမှာ လူအိုကြီးပေးခဲ့တဲ့ စာအုပ်တွေအကုန်ဖတ်ပြီးသွားပေမယ့် သူမ ဘာကိုမှနားမလည်ဘူး။ လူအိုကြီးကိုမေးပြီးနောက် ပြဿနာအားလုံးပြေလည်သွားတယ်။‌ ဒါပေမယ့် လူအိုကြီးရဲ့ စိတ်နေသဘောထားက တက်ကြွလွန်းပြီး သူမကတော့  သီးသန့်ဆန်တဲ့စိတ်နေသဘောထားကနေမှ တဖြည်းဖြည်းချင်းပြောင်းလဲတတ်တဲ့သူဖြစ်တာကြောင့်လည်းဖြစ်နိုင်တယ်၊ ဒါက လူအိုကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ။

အတိုချုပ်ပြောရရင် လူအိုကြီးကလွဲပြီး သူမဘာကိုမှဂရုမစိုက်ဘူး။

စာအုပ်တစ်အုပ်ထဲ ကူးပြောင်းတာလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ တစ်စုံတစ်ရာဖြစ်နေသည့်တိုင် သူမက အဲ့ဒါကိုသဘောပေါက်ဖို့ တစ်နာရီလောက်ပဲ အချိန်ယူခဲ့ရတယ်။လူအိုကြီးက သူမပျောက်နေတာကို သိရဲ့လားဆိုတာကိုပဲ သူမမသိတာ။

သူ(သိရင်) စိတ်မကောင်းဖြစ်နေမှာလား။

ကူးပြောင်းပြီးနောက် ကုမျန်က ရိုးရှင်း၊ ရိုင်းစိုင်းပြီး ကြီးစိုးခြယ်လှယ်တတ်တဲ့ အမျိုးသားခေါင်းဆောင်နဲ့အစမှာတည်းက အဆက်အသွယ်ဖြတ်ချင်ခဲ့တယ်။ သူမက အမျိုးသားခေါင်းဆောင်နဲ့ အမျိုးသမီးခေါင်းဆောင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စရပ်တွေထဲ ဝင်ပါဖို့ စိတ်မ၀င်စားဘူး။

ကုမျန်ကူးပြောင်းလာတဲ့အချိန်မှာ သူမက ဒီဗန်ကားထဲရှိနေပြီဖြစ်တယ်။

"Ask the Immortal"ဇာတ်ကားရိုက်ကူးဖို့ ကျောက်စိမ်းနဂါးနှင်းတောင်တန်းကို သွားနေတာဖြစ်ကြောင်း လက်ထောက်ဆီကနေ သိရှိပြီးနောက် သူမက "I'm So Popular"ရဲ့ဇာတ်ကြောင်းအစမှာ ရှိနေဆဲဆိုတာကို သိခဲ့တယ်။

အဓိကအချက်က ဒီအချိန်မှာ မူလပိုင်ရှင်နဲ့ အမျိုးသားခေါင်းဆောင်တွဲနေတာ သုံးရက်ပဲ ရှိသေးတယ်။

"Ask the Immortals"ရုပ်ရှင်မှာ မူလပိုင်ရှင်က ဇာတ်လိုက်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဇာတ်လိုက်နဲ့ သူမရဲ့ဆက်ဆံရေးက အလုပ်သင်နဲ့ သခင်ဖြစ်တယ်။ သူမရဲ့သခင်က တသီးတခြားနေတတ်ပြီး သူ့မှာအကွာအဝေးတစ်ခုကိုခံစားရစေတဲ့ သဘောထားရှိနေချိန်မှာ သူမက သဘာဝအလျှောက် အပြစ်ကင်းတဲ့ အလုပ်သင်ကလေးပါ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now