Chapter 53

864 106 0
                                    

Unicode

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဒီလိုမျိုး voteပေးတဲ့လှုပ်ရှားမှုမှာ ပါဝင်သူတိုင်းက Weibo ကနေ အလိုအလျောက်ထုတ်ပေးတဲ့ စနစ်တစ်ခုရရှိမှာဖြစ်တယ်။ ဥပမာအားဖြင့်၊ xxx က လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး yyy နဲ့ အခြားကြယ်ပွင့်တွေကို voteပေးခဲ့တယ် ၊အဲ့လိုမျိုးပေါ့။

ဒီWeibo ကို လူတိုင်းမြင်နိုင်တယ်။ ဒါပေါ့၊ ယင်းကို Weibo ပိုင်ရှင် အလိုရှိသလိုအသုံးပြုနိုင်ပြီး ဖျက်ပစ်လို့လည်းရတယ်။

ယေဘူယျအားဖြင့် yyyy က သူတို့ ပထမဆုံး voteပေးရွေးချယ်ခဲ့တဲ့ အနုပညာရှင်ရဲ့ နာမည်ဖြစ်တယ်။

မပေါ်လွင်စေဖို့အတွက် ရှောင်ကျူး ပထမဆုံးvoteပေးထားတဲ့ အနုပညာရှင်က လော့ချယ်မဟုတ်ဘူး၊ ဒါကြောင့် သူမ သူ့ကို voteပေးပြီးနောက်မှာ သူမရဲ့အပြုအမူတွေက တရားလွန်ဖြစ်လွန်းတယ်လို့ မခံစားမိခဲ့ပေ။သူမရဲ့အမြင်အရဆို vote ပေးတဲ့ထဲ ပါ၀င်ဆင်နွှဲပြီးနောက် Weiboရဲ့ စနစ်က ဒီလိုပို့လာသင့်တယ်။ "@ကုမျန်သည် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မဲပေးခဲ့သည်....."

ဒီလို Weibo မျိုးက မျက်စိဖမ်းစားမှာလား။

ခန်ယန်ယန်ရဲ့ နာမည်ကသာ Weibo မှာပေါ်လာမှာဖြစ်ပြီး "လော့ချယ်"ဆိုတဲ့ စကားလုံးနှစ်လုံးက လုံးဝပေါ်လာမှာမဟုတ်ဘူး။

ဒီနှစ်ရဲ့eventက တကယ်ကြီးပြောင်းလဲသွားလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး။

၎င်းကို Weibo ဖော်မတ်တစ်ခုဖြစ်တဲ့ စစ်တမ်းနဲ့ အစားထိုးခဲ့ကြတယ်။ ယခင်နှစ်တွေလိုပင် အဆိုပါ Weibo က စနစ်နဲ့ အလိုအလျောက်ထုတ်ဝေဆဲဖြစ်တယ်။

ဒါပေမယ့် ဒီ Weibo ပိုင်ရှင်က ဘယ်အနုပညာရှင်ကို voteပေးထားလဲဆိုတာကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ပိုရှင်းလင်းလာတယ်။

ရှောင်ကျူးက voteပေးပြီးနောက် ကုမျန်ရဲ့Weibo မှာ "@ကုမျန်သည် @လော့ချယ်အား တစ်နှစ်တာရဲ့ အကျော်ကြားဆုံး အမျိုးသားဆယ်လီဘရစ်တီအဖြစ် voteပေးခဲ့သည်" "@ကုမျန်သည် @လော့ချယ်အား တစ်နှစ်တာရဲ့ အနှစ်သက်ဆုံး အမျိုးသားဆယ်လီဘရစ်တီအဖြစ် voteပေးခဲ့သည်..."ဆိုတဲ့ postတွေ ရှိနေပြီဆိုတာကိုတောင် မသိခဲ့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now