Chapter 9

1.2K 197 3
                                    

Unicode

“သရုပ်ဆောင်တွေအားလုံး ဒီရောက်နေပြီဆိုတော့ ဒီနေ့ အလုပ်စပြီးတာနဲ့ တတ်နိုင်သမျှ မြန်မြန်ပြီးအောင် ကြိုးစားကြမယ်” ဒါရိုက်တာက ပြောလာတယ်။ ဝန်ထမ်းတွေ အဆင်သင့်ဖြစ်ပြီးနောက် ဒုတိယsceneကို တရားဝင်စတင်ခဲ့ကြတယ်။

သူမရဲ့ရှေ့မှာ ရေကန်ကြီးတစ်ကန်ရှိတယ်။ကုမျန် ဘယ်လောက်ကြောက်နေပါစေ ၊သူမ ကျည်ဆန်ကို ကိုက်လိုက်ရုံသာတတ်နိုင်ပြီး တတိယမြောက်မိန်းကလေးအဖြစ် သရုပ်ဆောင်တဲ့မင်းသမီး ရေထဲတွန်းချတာကို ခံလိုက်ရတယ်။

အောက်တိုဘာလဆိုတော့ ရာသီဥတုက စအေးလာပြီ။ အထူးသဖြင့် ကျောက်စိမ်းနဂါး နှင်းတောင်တန်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ မြစ်ရေက အေးစက်နေပြီး သူမရေထဲကျသွားတဲ့အချိန်မှာတော့ ကုမျန်ရဲ့ခန္ဓာကိုယ်က မသိစိတ်ကြောင့် တဆတ်ဆတ်တုန်ရီနေတော့တယ်။

မြစ်ရေက ချက်ချင်းပဲ သူမရဲ့ခြေသလုံး၊ ခါး၊ ရင်ဘတ်နဲ့ သူမရဲ့လည်ပင်းထိ ဖြည်းညှင်းစွာ တက်လာခဲ့တယ်။

အဲ့ဒီအချိန်မှာ သူမရဲ့ခေါင်းလေးသာ ပေါ်နေတော့တယ်။

သူမက ရေကိုရိုက်လိုက်ပြီး ကြောက်လန့်စွာနဲ့ အော်ဟစ်လိုက်တယ်။"ကူညီကြပါ၊ တစ်ယောက်ယောက်ရှိလား ကူညီကြပါဦး!"

ကုမျန်ရေကူးတတ်တယ်လို့ လူတိုင်းက ထင်ခဲ့ကြတယ်။

ချမ်းသာတဲ့မိသားစုမှ အမျိုးသမီးတွေမှာ သူမတို့ငယ်စဉ်ကတည်းက ရေကူးသင်ကြားဖို့အတွက် အထူးကျွမ်းကျင်တဲ့ ရေကူးနည်းပြတွေရှိတယ်။ အဲ့ဒီအပြင် မူလပိုင်ရှင်က လွန်ခဲ့တဲ့နှစ်ရက်က Weibo‌ပေါ်မှာ သူမရဲ့ ဘီကနီ၀တ်ထားတဲ့ဓာတ်ပုံကို အပ်ဒိတ်လုပ်ခဲ့တယ်။

စုစုပေါင်းဓာတ်ပုံနှစ်ပုံသာရှိပြီး အဲ့ဒီပုံတွေက ဂရစ်ကိုးကွက်မပါဝင်ပေမယ့်လည်း ပုံတွေကိုကြည့်ရတာ အတော်လေး အရည်အသွေးမြင့်မားလှတယ်။

အပေါ်မှအောက်ခြေထိရိုက်ထားတာက တစ်ပုံဖြစ်ပြီး
ကြည်လင်ပြတ်သားပြီး အဆုံးမရှိတဲ့ရေကန်ထဲမှာ မူလပိုင်ရှင်က သူမရဲ့သွယ်လျပြီး ဖြူဖွေးလှပတဲ့ ခြေတံရှည်တွေကို ရေထဲမှာဆန့်ထုတ်ထားတဲ့ပုံဖြစ်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now