Chapter 94

485 83 3
                                    

Unicode

ထိုစကားကိုကြားတော့ ကုမျန်အံ့ဩသွားရတယ်။ သူမ နည်းနည်း မော့ကြည့်လိုက်တော့ ကွဲကွဲပြားပြားမမြင်ရတဲ့ညဘက်မှာ လေပြေနဲ့ လင်းလက်နေတဲ့လမင်းလိုမျိုး လော့ချယ်ရဲ့အပြုံးကို မြင်လိုက်ရတယ်။

အကြောင်းတစ်ခုခုကြောင့်၊ ထိုအခိုက်အတန့်မှာ ကုမျန်က လော့ချယ်ရဲ့အပြုံးထဲ အခြားအရာတစ်ခုကို မြင်လိုက်ရသလိုပင်။ ဒါပေမယ့် သူမ ၎င်းကိုနားမလည်နိုင်ပေ။

ကုမျန်က နှုတ်ခမ်းကိုဟလိုက်တယ်။ "ဒါဆို ကျွန်မ သေချာနားထောင်မယ်လေ"

လော့ချယ်က ရယ်မောလိုက်ရင်း "တကယ်တော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး ကိုယ် အရင်က အကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ လင်ချန်အန်းနဲ့ အဆောင်နေခဲ့ဖူးတယ် ကိုယ်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက..." ။ လော့ချယ်က ခဏရပ်ပြီး ဆက်ပြောလာတယ်။ "အရမ်းကောင်းတယ် သူဘာလုပ်တယ်ဆိုတာ သူကိုယ့်ကို အမြဲပြောပြလိမ့်မယ် ကိုယ်ကတော့ အခုနဲ့ အတူတူပဲ"

ထိုသို့သော သူငယ်ချင်းဆက်ဆံရေးကို နက်ရှိုင်းတဲ့ ညီအစ်ကိုအဖြစ်တောင် မှတ်ယူလို့ရတယ်။

လော့ချယ်က ဖြည်းဖြည်းချင်း ပြန်ပြောင်းပြောပြလာခဲ့တယ်။ "တစ်နေ့မှာ သူအိပ်ဆောင်ကိုပြန်ရောက်တာနဲ့ တတိယမြောက်အမျိုးသားဇာတ်ဆောင် "ဟန်ရှစ်ယွဲ့" (ဟန်မင်းဆက်ရဲ့ လမင်း) ဇာတ်ကောင်ကိုရခဲ့တယ်လို့ စိတ်လှုပ်တရှားနဲ့ ပြောပြလာတယ် အခုမှ ပွဲဦးထွက်ပြီးတဲ့ အသစ်တစ်ယောက်အနေနဲ့ ဒီဇာတ်ကောင်ကိုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်တို့တွေအားလုံးသိတယ် အဲဒီ့အချိန်က သူငယ်ချင်းတစ်ယောက်အနေနဲ့ ကိုယ် သူ့အတွက် တကယ်ကို ပျော်ရွှင်ပေးခဲ့တာ"

ကုမျန်ရဲ့မျက်နှာမှာ အံ့အားသင့်သွားတဲ့ အမူအရာပေါ်လာတယ်။ သူမမှတ်မိတာမှန်ရင် "ဟန်ရှစ်ယွဲ့" နေရာမှ သရုပ်ဆောင်က လင်ချန်အန်းမဟုတ်ဘဲ လော့ချယ်လေ။

လော့ချယ်က ဒီတီဗီစီးရီးနဲ့ လူထုရှေ့ကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာပင်။

ကုမျန်ရဲ့မျက်၀န်းတွေ အနည်းငယ် ပြူးကျယ်သွားပြီး "နောက်တော့ ဘာဖြစ်သွားလဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now