Chapter 54

804 115 0
                                    

Unicode

ကုမျန်ကို ဆန့်ကျင်နေတဲ့ အခြားအုပ်စုတစ်စုလည်း ရှိသေးတယ်။သူတို့က လော့ချယ်က လူတိုင်းနဲ့ သက်ဆိုင်တယ်လို့ ထင်ကြတဲ့သူတွေ။ သူက လူတိုင်းရဲ့ယောက်ျားပဲကို ဘယ်လိုလုပ်ပြီး ကုမျန်ဆီ သူ့ကို ပေးလိုက်ရမှာလဲ??

နောက်ဆုံးအုပ်စုမှာတော့ လူများများစားစားမရှိဘဲ ကြားနေသဘောထားရှိတဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ ပရိသတ်တွေဖြစ်တယ်။

အနက်ရောင်နာနတ်သီးတွေက အုပ်စုသုံးစုကွဲနေပေမယ့်လည်း လက်ရှိမှာတော့ ဒုတိယအုပ်စုမှာ လူပိုများနေဆဲပင်။

ကုမျန်က ကြည့်ကောင်းပြီး ကောင်းမွန်တဲ့ပင်ကိုစရိုက်ရှိပေမယ့် လော့ချယ်ရဲ့တုနှိုင်းမရတဲ့ နှစ်လိုဖွယ်ကောင်းမှုက သူမက သူတို့တွေရဲ့ချယ်ချယ်နဲ့ အလှမ်းဝေးနေဆဲဖြစ်ကြောင်း ခံစားမိစေခဲ့တယ်။ ကုမျန်နဲ့လော့ချယ်တို့ အတူတူတွဲပြီးပေါ်လာတိုင်း hot search တစ်ပုံကြီးရှိလာတတ်တယ်။ ဒါကြောင့် အစမှာ ကုမျန်ဘက် ရပ်တည်နေတဲ့သူကတောင် သူမရဲ့ဆန့်ကျင်ဘက်ခြမ်းမှာ တဖြည်းဖြည်းရပ်တည်လာတော့တယ်။

ကုမျန်က အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှမသိပေမယ့် ကြေညာချက်ကို  ပြေးကြည့်မိခဲ့တဲ့ လော့ချယ်ကတော့ သူမ,မသိခင် အရင်သိသွားခဲ့တာပင်။

အင်တာနက်ပေါ်ရှိ အင်တာနက်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေကို သူကြည့်ရှုနေစဉ်မှာ လော့ကျစ်ယွီက သူ့ကို လာတွေ့ပြီး ပြောလာခဲ့တယ်။"သူမ ရူးနေတာလား? ဖျော်ဖြေရေးနယ်ပယ်ထဲက ဘယ်မင်းသမီးတစ်ယောက်မှ ဒီလိုလုပ်ရဲမှာမဟုတ်ဘူး"

လော့ကျစ်ယွီ ဘာလို့ဒီလိုပြောရတယ်ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိတယ်။

တစ်ခုက သူတို့ သူ့ကို လုံလုံလောက်လောက် သဘောမကျတာနဲ့ နောက်တစ်ခုကတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှာ စိုးရိမ်လို့ဖြစ်တယ်။ အခြားအကြောင်းရင်းတွေ ရှိကောင်းရှိနိုင်ပေမယ့်လည်း ဖြစ်နိုင်ခြေအရှိဆုံးအကြောင်းရင်းကတော့ ပထမဆုံးနှစ်ခုပဲ။

အဓိက,ကတော့ တစ်ယောက်ယောက်ကသာ သူ့ကို လုံလုံလောက်လောက်သဘောကျရင် အတားအဆီးတွေနဲ့ စိုးရိမ်ပူပန်မှုတွေအားလုံးက ပြဿနာဖြစ်မှာ မဟုတ်ဘူးလေ ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now