Chapter 72

670 89 0
                                    

Unicode

ဒီအစီအစဉ်က ကုန်ကျစရိတ်နည်းတဲ့ သရဲဇာတ်ကားတွေထဲက ဇာတ်ကောင်တွေကို ရိုက်ကူးထားတဲ့နည်းလမ်းကို အသုံးပြုပြီး သူတို့ရဲ့စိန်ခေါ်မှုကို မှတ်တမ်းတင်ထားတယ်။ သရဲအိမ်ထဲမှာ ကင်မရာတစ်လုံးတပ်ဆင်ထားပြီး ဧည့်သည်တွေက ကင်မရာကိရိယာကို ဝတ်ဆင်ထားရတယ်။ ကင်မရာမန်းတွေက သူတို့နောက်ကို မလိုက်ကြဘူး။

ဒါကြောင့် လီမင်းကျွယ်က သရဲအိမ်ထဲကို ကင်မရာမန်းမပါဘဲ တစ်ယောက်တည်း ဝင်ရလိမ့်မယ်။

ကုမျန် သရဲအိမ်ထဲကိုဝင်လိုက်တာနဲ့ အထဲမှာ အပူချိန်နိမ့်တာကြောင့် တုန်ရီသွားတယ်။လေပြင်းတသုတ်နဲ့အတူ ရံဖန်ရံခါကပ်ပါလာတဲ့ သရဲအော်သံအနည်းငယ်က အမှန်ပင် အတော်ကြောက်စရာကောင်းလှတယ်။

ဒါပေမယ့် အဲ့ဒါက ဒီလောက်ပဲ။

ကုမျန်က ငယ်စဉ်ကတည်းက လူအိုကြီးနောက် ညပေါင်းများစွာ လိုက်ခဲ့ရပြီး ထူးဆန်းတဲ့ အဖြစ်အပျက်အချို့ကိုလည်း ကြုံတွေ့ခဲ့ရတယ်။ သူမက ဗဟုသုတနှံ့စပ်တယ်။ ဒါကြောင့် အခုချိန်မှာ ဂင်းနစ်မှတ်တမ်းတင် ကြောက်စရာအကောင်းဆုံး သရဲအိမ်ထဲရှိနေရပေမယ့်လည်း သူမက ကြောက်လန့်ခြင်းမရှိပေ။ ဒီလိုခြောက်လန့်မှုလယ်ဗယ်က သူမအပေါ် အကျိုးမသက်ရောက်‌ဘူး။

သရဲအိမ်ထဲမှာ အတော်မှောင်မည်းနေတာဖြစ်ပြီး ရံဖန်ရံခါမှသာ အလင်းတန်း တဖျတ်ဖျတ် ထွက်ပေါ်လာတတ်တယ်။ ကုမျန်က စိန်ခေါ်မှုကို တတ်နိုင်သမျှအမြန်ဆုံး ပြီးမြောက်ချင်တာကြောင့် သူမက တည့်တည့်ပဲစိုက်ကြည့်နေခဲ့တယ်။

ရုတ်တရက် လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူမလက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

ပတ်ဝန်းကျင်အပူချိန်က နည်းနည်းနိမ့်နေပေမယ့် ဒီလက်ကတော့ အရင်နှစ်ခေါက်တုန်းကလိုမျိုး ပူနွေးနေဆဲပင်။

"မင်းကြောက်ရင် ကိုယ့်ကိုပြော"

ကုမျန်က တကယ်ကိုမကြောက်နေဘဲ သူ့လက်ကို ကိုင်ထားဖို့လည်း မလိုဘူး။ သူမက လက်ကိုပြန်ဆွဲလိုက်ပေမယ့်လည်း လော့ချယ်က သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်။ သူမ မဖယ်ထုတ်နိုင်ခဲ့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now