Chapter 33

1K 152 0
                                    

Unicode

လင်းချီက အသက်ပြင်းပြင်းရှူလိုက်ရင်း "ပြဿနာတွေအများကြီးရှိနေသေးတယ် ပထမဆုံးအနေနဲ့ ခင်ဗျားက သီချင်းစာသားကို အပြည့်အ၀မမှတ်မိတော့ တစ်ချို့နေရာတွေမှာ သီချင်းမှားဆိုမိထားတယ် ဒုတိယအနေနဲ့ကတော့ climax(အထွတ်အထိပ်)နေရာမှာ ထပ်ပြီးမှားဆိုထားပြီး တတိယကတော့ ခင်ဗျားဆိုထားတဲ့သီချင်းက ခံစားချက်မရှိနေတာပဲ"

"ထပ်နားထောင်ပြီး နောက်ထပ်တကြိမ် အသံပြန်စသွင်းမယ်"

လင်းချီက ကုမျန်ကို တုံ့ပြန်ဖို့အချိန်မ‌ပေးဘဲ သီချင်းကို တက်တက်ကြွကြွနဲ့ ထပ်ဖွင့်လိုက်တယ်။

ဒုတိယတစ်ခေါက်မှာ ကုမျန်က ပထမတစ်ခေါက်ကထက် ပိုမိုကောင်းမွန်စွာ သီဆိုနိုင်ခဲ့ပြီး သီချင်းစာသားနဲ့အသံထွက်ပြသနာတွေ ပျောက်သွားခဲ့ပါပြီ။

ဒါပေမယ့် လင်းချီက မလုံလောက်ဘူးလို့ ခံစားရတယ်။ သူမရဲ့သဘာဝကနေရထားတဲ့ လက်ဆောင်ကြောင့် ပိုကောင်းအောင် သီဆိုနိုင်သင့်တယ်လို့ သူခံစားမိခဲ့တယ်။

"သီချင်းစာသားတွေက အဆင်ပြေပေမယ့် ခင်ဗျားရဲ့ခံစားချက်က မလုံလောက်ဘူး ဒီသီချင်းဆိုနေတုန်းက ခံစားချက်ကို သီချင်းထဲ ခင်ဗျားလုံးဝထည့်မထားခဲ့ဘူး"

ကုမျန်က နှုတ်ခမ်းစေ့လိုက်ရင်း အကြံပေးလိုက်တယ်။"မင်း အသံကို နောက်ကျရင်ပြင်လိုက်လို့ မရဘူးလား" ဒါက မူလပိုင်ရှင်က ဘယ်လိုလုပ်ခဲ့လဲဆိုတာပဲ။

ဒါပေမယ့် လင်းချီက အဲ့ဒီစကားတွေကိုကြားတော့ သူက မယုံသင်္ကာနဲ့ မေးမြန်းလာတယ်။ "ခင်ဗျား ဘာလို့ ဒီတိုင်းပဲ  သီချင်းကောင်းကောင်းမဆိုလိုက်ရတာလဲ"

ကုမျန်က သဘာ၀ကျကျ ပြန်ဖြေလိုက်တယ်။"အချိန်နဲ့ ကြိုးစားအားထုတ်မှု သက်သာတယ်လေ"

"မဟုတ်ဘူး ခင်ဗျားရဲ့အတွေးတွေက မှားယွင်းနေတယ် ဂီတကအသက်ရှိတယ် ခင်ဗျား ဘာလို့ သူ့ကို အရမ်းဝတ်ကျေတမ်းကျေ ဆက်ဆံနိုင်ရတာလဲ မိန်းကလေးကု  Ask the Immortals ဇာတ်ကားမှာ ခင်ဗျားလည်း ပါတယ်ဆိုတာ ကျွန်တော်မှတ်မိတယ် ရိုက်ကူးရေးလုပ်နေတုန်းမှာ ခင်ဗျားဘာမှမခံစားခဲ့ရဘူးလား?"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now