Chapter 105

460 81 2
                                    

Unicode

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ သူမက မူလပိုင်ရှင်မဟုတ်သလို မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေလည်း မရှိတာကြောင့် သူမ(မူလကုမျန်)ရဲ့အမေ ဘယ်လိုပုံစံလဲဆိုတာ သူမတကယ်မသိခဲ့ပေ။

ကျင်းကျန်းကျူက ကုမျန်ရဲ့စိတ်ရှုပ်ထွေးနေတဲ့ အမူအရာကို မြင်ပြီး သူမကို အပြစ်တင်နေသေးတယ်လို့သာ တွေးလိုက်မိတယ်။ သူမက ထိုင်ခုံနှစ်လုံးကို ကူရွှေ့ပေးဖို့ စားပွဲထိုးတစ်ယောက်ကို မောက်မာ၀င့်ကြွားစွာ ညွှန်ကြားလိုက်ပြီး ထိုင်ခုံတွေရွှေ့ပြီးတာနဲ့ သူမရဲ့သမီးငယ်လေးကိုဆွဲကာ ထိုင်ချလိုက်ပြီးနောက် ကုမျန်ရဲ့လက်ကိုကိုင်ကာ ရိုးသားစွာ ပြောလာတယ်။ "မျန်းမျန် သမီး အမေ့ကို အပြစ်တင်နေသေးလား"

ကုမျန်က သူမလက်ကိုဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းဟကာ အသံဖျော့ဖျော့နဲ့ ‌ပြောလိုက်တယ်။"မဒမ်၊ ရှင် ကျွန်မကို တခြားတစ်ယောက်နဲ့ မှားနေတာလို့ ထင်တယ်"

ကျင်းကျန်းကျူရဲ့အသံက ကျယ်လောင်လာပြီး "အမေ့သမီးကို အမေ ဘယ်လိုမမှတ်မိရမှာလဲ၊ သမီးက အမေ့သမီးပဲ၊ အမေ ဘယ်လို မှားနိုင်မှာလဲ"

ကုမျန်က သူမ မလိမ်နေကြောင်း သေချာစေဖို့ ခေါင်းအစခြေအဆုံး ကြည့်လိုက်တယ်။

ကုမျန်မှာ မူရင်းပိုင်ရှင်ရဲ့မှတ်ဉာဏ်‌တွေ  မရှိပေမယ့်လည်း မူရင်းပိုင်ရှင်ရဲ့မိခင်အကြောင်းက "I'm So Popular" မှာ စကားလုံးအချို့ပါ၀င်ခဲ့တယ်။

ကျင်းကျန်းကျူက ကုကော်အန်းဆီနေ ထွက်ခွာသွားတဲ့နှစ်မှာ၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းက အခုလက်ရှိ ကြီးမားကျယ်ပြန့်နေတာမျိုးနဲ့ တော်တော်ဝေးကွာနေဆဲဖြစ်ပြီး သူ့ကို အသေးစား စီးပွားရေးသမားတစ်ဦးအဖြစ်သာ မှတ်ယူလို့ရတယ်။

ပိုမိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်ဖို့ ကျင်းကျန်းကျူက ကုကော်အန်းထက် ပိုချမ်းသာတဲ့သူဌေးတစ်ဦးနဲ့ ပေါင်းသင်းခဲ့တယ်။ သူမက ခင်ပွန်းနဲ့သမီးကို ချန်ထားခဲ့ကာ ထိုသူဌေးနဲ့အတူ နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ ဆယ်နှစ်ကျော်ကြာပြီးနောက် သူမပြန်ရောက်လာတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now