Chapter 82

645 102 0
                                    

Unicode

မိန်းကလေးကုကို ချစ်ခင်ကြောင်း ဖော်ပြတဲ့လူ များလွန်းတဲ့အပြင် ဟောင်ကောင်မြို့မှ ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးကတောင် ကုမျန်ကို supportဖို့ Weibo မှာ အထူးတလည်ပို့စ်တင်ခဲ့တာကြောင့် ဒီတစ်ခေါက် လော့ချယ် repostပြန်လုပ်တာက အာရုံစိုက်ချင်စရာ မဖြစ်ခဲ့တာပင်။

ချန်းကျစ်ရဲ့ Weibo ကိုမြင်ပြီးနောက် လော့ကျစ်ယွီက စိတ်ရှုပ်ထွေးမှုတချို့နဲ့ပြောလာတယ်။"ချန်းကျစ်လား? ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးကို ငါကြားဖူးတယ် သူက gayဖြစ်ပြီး မိန်းမတွေကို သိပ်စိတ်မဝင်စားဘူးလို့ကြားတယ် သူက မြင်းပြိုင်ပွဲနဲ့ ကားပြိုင်ပွဲတွေမှာ လောင်းကြေးထပ်ဖို့လောက်ပဲသိတယ်တဲ့ ခယ်မလေးနဲ့ပတ်သက်တဲ့ Weiboပို့စ်ကို သူ ဘာလို့ ရုတ်တရက်ကြီး ပို့စ်ထတင်ရတာလဲ၊ ပြီးတော့ သူဘာပို့ထားလဲဆိုတာ မင်းသိလား"

[@ချန်းကျစ် : မမလေးကို ကားတူတူစီးဖို့ ဖိတ်ခေါ်ပါတယ်!] ဒီစာကြောင်းဘေးမှာ ဓာတ်ပုံတစ်ပုံရှိတယ်။

ဓာတ်ပုံထဲမှာက သူ့ရဲ့အနက်ရောင်ကားဖြစ်တယ်။

လော့ကျစ်ယွီ မျက်ခုံးပင့်လိုက်တယ်။ ချန်းကျစ်က ကုမျန်နဲ့ သူ့ကားကို တွဲတင်ထားပြီး ဒါက သူက သူမကို သဘောကျကြောင်း ပြသနေတယ်။

အမျိုးသားတွေအတွက်၊ သူတို့ရဲ့ကားက သူတို့ရဲ့ဇနီး‌လေးတွေပါ၊ အထူးသဖြင့် ချန်းကျစ်ပင်။

ဟောင်ကောင်ရဲ့ အထက်တန်းလွှာအသိုင်းအ၀ိုင်းမှာ  သူ့ရဲ့ကားတွေကြောင့် အမြဲနာမည်ကြီးလေ့ရှိတဲ့ ချန်းကျစ်က သူ့ကားကို အမျိုးသမီးတစ်ဦးနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် စီးချင်ခဲ့တာဖြစ်ပြီး ဒါက  သူ့ရဲ့အပြုအမူအားလုံးထဲမှ တမူထူးခြားပုံပေါက်တဲ့တစ်ခုဖြစ်တယ်။

လော့ကျစ်ယွီက လော့ချယ်ဘက်ကို ကြည့်လိုက်တယ်။"သူတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား"

လော့ချယ်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်‌နေတဲ့ အမူအရာနဲ့ သူ့အင်္ကျီလက်စတွေကို လှိမ့်တင်လိုက်ပြီး "ငါဘယ်လိုသိမှာလဲ"

လော့ကျစ်ယွီက ဟာသတဝက်၊အလေးအနက်တ၀က်နဲ့ ပြောလာတယ်။"မင်းက သူ့ကောင်လေးမဟုတ်ဘူးလား မသိဘူးပေါ့လေ? ၀မ်းကွဲ ၊ ငါအကြံဉာဏ်ပေးတာ နားထောင် အင်တာနက်ပေါ်က အဲ့ဒီလူတွေက အရပ် 1.9 မီတာမြင့်ပြီး ဝမ်းဗိုက်ကြွက်သားတွေရှိပြီး ညတိုင်း အချီနှစ်ဆယ်လောက် လုပ်နိုင်ရင်တောင်  သူတို့က အသုံးမဝင်ဘူး! ဒီချန်းကျစ်ကိုပဲ ပိုဂရုစိုက် သူက ခယ်မလေးနဲ့ တစ်ခုခုတော့ရှိနေလောက်မယ်လို့ ငါထင်တယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now